၂၀၁၄-၃-၂၃
ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လျော်ညီသည့် ဒီမိုကရေစီစံနှုန်း
များဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရေး ကြိုးပမ်းကြရာတွင် ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကြပါရန် မတ် ၂၂ ရက်က မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) အဖွဲ့ဝင်များက တိုက်တွန်းပြောကြားလိုက်သည်။
ဟောပြောမှုများအပြီးတွင် သောင်းဂဏန်းချီသည့် တက်ရောက်လာသူ ၈၅ ရာခိုင်နှုန်းခန့်က ပြင်ဆင်ရန်ထောက်ခံလိုက်ကြသည်။