၂၀၁၄-၃-၂၁
၁။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့သည် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ လောဘ
အရောင်သမ်းမှု ဒေါသအရောင်သမ်းမှု မောဟ အရောင်သမ်းမှုတို့မှ ကင်းရှင်းပြီး ကြည်လင်အေးမြ ကြည်ညိုဘွယ်ကောင်းသော ကိုယ်အမူအရာ နှုတ်အမူအရာတို့နှင့် ပြည်စုံစေရမည်။
၂။ ပါကတိန္ဒြိယခေါ်သော လူ့လောက-က ပါလာသော ရိုင်းစိုင်းကြမ်းတမ်းသော စရိုက်ဆိုး ပြုမူပြောဆိုခြင်းမျိုးကို ရှောင်ကြဉ်ရမည်။
၃။ ၀ိနည်းသိက္ခာပုဒ်လာ ဘုရားရှင်၏ အဆုံးအမစကားတို့ကို အတတ်နိုင်ဆုံး စည်းကမ်းတကျ
ပုံစံကျအောင် လိုက်နာကျင့်သုံး နေထိုင်ကြရမည်။
၎။ ရဟန်းဖြစ်စေ သာမဏေဖြစ်စေ ဘုရားရှင်၏ အဆုံးအမဖြစ်သော ၀ိနည်းသိက္ခာပုဒ်များကို လေးစားလိုက်နာခြင်း မရှိက မည်သည့်နည်းနှင့်မျှ ရဟန်းကောင်း/ သာမဏေကောင်း မဖြစ်နိုင်ပါ။
ဘုရားရှင်၏ အဆုံးအမ မှန်သမျှကို လေးစားလိုက်နာသော ဓမ္မဂရုကပုဂ္ဂိုလ်ဖြစ်မူ
ရဟန်းကောင်း သာမဏေကောင်း ဖြစ်နိုင်ပါသည်။
ပစ္စည်းလာဘ်လာဘရရှိအောင် ကြိုးစားအားထုတ်သူ -
ပစ္စည်းလာဘ်လာဘ ရရှိရေးကို ဦးစားပေး လိုက်နာသူ -
သံဃကိစ္စထက် လာဘ်လာ ရရှိရေးကို အလေးထား ဦးစားပေးသူ -
ဓမ္မရေးထက် လောကရေးကို အလေးထား ဦးစားပေးသူ - လာဘဂရုက ပုဂ္ဂိုလ်မျိုး ဖြစ်က ရဟန်း
ကောင်း သာမဏေကောင်း မဖြစ်နိုင်ပါ။
“ မန္တလေး ပရိယတ္တိသာသနဟိတအသင်း”
သာမဏေကျော်စာအောင်ပွဲ - သြ၀ါဒ
======================
ကျေးဇူးတော်ရှင်
အဂ္ဂါဘိဓဇဆရာတော်
ဘဒ္ဒန္တသိရိန္ဒာဘိဝံသ
နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ
မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့