Sunday, March 16, 2014

လာမည့် မတ်လ ၂၇ ရက်နေ့  တော်လှန်ရေးနေ့ မှာ ပြည်သူတွေ ဒီမိုကရေစီစံနှုန်းနဲ့  မညီညွတ်တဲ့ ၂၀၀၈ ဖွဲ့ စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး မြို့ နယ်အသီးသီး တောင်းဆိုဆန္ဒဖော်ထုတ်ရန်ပြင်ဆင်နေ

၂၀၁၄-၃-၁၆
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ အရင် န၀တ စစ်အစိုးရက ၁၉၉၃ ခုနှစ်မှာ အမျိုးသား
 ညီလာခံ ခေါ်ပြီး စိတ်ကြိုက်ရေးဆွဲခဲ့တာပါ။ အားလုံးသိကြတဲ့ အတိုင်း အဲဒီ ဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ်
 မှ အတည်ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ကြားထဲမှာ စုစုပေါင်း အချိန် ၁၅ နှစ်လောက် ယူခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာ ၂၀၁၀ ဆိုရင် စုစုပေါင်း အချိန် ၁၇ နှစ်လောက် ကြာသွားပါတယ်။ ဒါဟာ မလိုလား အပ်တဲ့ အချိန်ဆွဲနည်းတစ်မျိုးဖြစ်တယ်ဆိုတာ ပြည်သူတွေကရော၊ နိုင်ငံတကာ ကရော 
အားလုံး သိကြပါတယ်။ ၂၀၀၈ ပြင်ဆင်ရေးမှာလည်း အချိန်ဆွဲနေပြီး ၂၀၁၅ နီးကပ်တော့မှ ဖြစ်သလို
ပြင်ဆင်ပြီး တရားမမျှတတဲ့ မလိုလားအပ်တဲ့ ကိစ္စတွေကို ဖြစ်ပေါ်လာနိုင်ပါတယ်။

စစ်မှန်တဲ့ဒီမိုကရေစီစနစ်ပြောင်းလဲရေးမှာ စစ်တပ်က တဘက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံ
ဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေ၊လူ့ အခွင့်အရေးတွေ၊နိုင်ငံသားအခွင့်အရေး၊တိုင်းရင်းသားအခွင့်
အရေး၊လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ဆန္ဒထုတ်ဖော်ခွင့်တွေအပြည့်အ၀ရရှိဖို့  တိုင်းရင်သား ညီအကို မောင်နှအားလုံးဟာ သမိုင်းပေး တာဝန်တစ်ခုဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းပါဝင်လာနေကြပြီး ဖိနှိပ့်ချုပ်ချယ်တဲ့ အာဏာရှင်စနစ်စိုးကြီး အဆုံးသတ်စေဖို့  ၂၀၁၅အတွက် ပြည်သူတွေပူးပေါင်းလှုပ်ရှားလာနေကြတာဖြစ်ပါတယ်။မြို့ ကြီးတိုင်းမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးငြိမ်းချမ်းစွာ ဥပဒေနဲ့ အညီ တောင်းဆိုနေကြပါတယ်။


နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ ဖိနှိပ့်ခံနေရသော ပြည်သူများ ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးကာလကို ထိထိမိမိအသုံးပြု၍ စစ်မှန်သောဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးအတွက် သမိုင်းပေး တာဝန်တစ်ခုဖြစ်တဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ အာရုံစိုက်လာကြပြီး အင်အားဖြည့်ပူးပေါင်းပါဝင်လာ
နေကြကာ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လူမှုအဖွဲ့ အစည်းများကလည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်ပြောင်းလဲရေးမှာ အဓိက အခန်းကဏ္ဍမှပါဝင်နေပြီး ပြည်သူ့ ဆန္ဒကို အလေးထားကာ အချုပ်အခြာ အာဏာသည် ပြည်သူ့ ထံမှဆင်းသက်ရမည် ဖြစ်သောကြောင့် ပြည်သူကဏ္ဍမြှင့်တင်ရေးအတွက် 
ဘက်ပေါင်းစုံမှ ပြည်သူများပူးပေါင်းပါဝင်လာနေကြပါသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရည်ရွယ်၍ တားမြစ်ထားသော ၅၉ (ဃ)နှင့်
 (စ) ပြင်ဆင်ရန်၊ပုဒ်မ ၁၈ ပြင်ဆင်ရန်၊ပုဒ်မ ၄၃၆ ပြင်ဆင်ရန် တောင်းဆိုမှုများမြင့်တက်လာနေ
သည်။ 

စာပေအဖွဲ့ အစည်းများ၊အနုပညာအဖွဲ့ အစည်းများ၊သတင်းအဖွဲ့ အစည်းများ၊လူ့ အခွင့်အရေးအဖွဲ့  အစည်းများ၊အမျိုးသမီးအဖွဲ့ အစည်းများ၊အလုပ်သမား၊လယ်သမားများ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများက စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် သမိုင်းတွင်မည့် ၂၀၀၈ ဖွဲ့ စည်းပုံ
ပြင်ဆင်ရေးမှာ မိမိတို့ တတ်နိုင်သည့်ဘက်မှ တတတ်တအားပါဝင် ဆင်နွဲလာကြတာကို တနေ့ 
တက်တနေ့  တွေ့ မြင်နေရသည်။

လာမည့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ မှာ စစ်မှန်တဲ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်
စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရန်
မြို့ နယ်များမှာ ဆွေးနွေးနေကြသည်ဟု သိရှိရပါသည်။

မည်သို့ ပင်ဖြစ်စေကာမှု လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲတခုဖြစ်အောင် ပြည်သူအများစုကလိုလားနေကြပြီး နိုင်ငံတကာမှလည်း တောင်းဆို
နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသော ပြည်သူလူထုကြီးမှ သမ္မတ ဖြစ်မြောက်ရေးအတွက် လှုံဆော်မှုများမြှင့်တင် လာနေပြီး မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာစေရန် ပြည်သူများက၂၀၁၅ ဟာ ပြည်သူတွေကို ဖိနှိပ်အုပ်
ချုပ်တဲ့ အာဏာရှင်စနစ်နဲ့ လွတ်လပ်တရားမျှတတဲ့ ဒီမိုကရေစီစနစ်ရဲ့ လမ်းခွဲတခုအဖြစ် ရှု့ မြင်နေကြ ပါတယ်။ 

မြသိန်း