မီဒီယာညီလာခံအကြို အဖြစ် "စု"ဖောင်ဒေးရှင်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ဆရာစံ
ပလာဇာရှိ သမ၀ါယမစီးပွားရေးဗဟိုခန်းမတွင် ယနေ့နံနက် ၁၁နာရီခွဲက ကျင်းပခြင်းဖြစ်သည်။
ယင်းအခမ်းအနားသို့ နိုင်ငံတကာမှ မီဒီယာသမားများအခြားဖိတ်ကြားထားသောဧည့်သည်တော်များ
တက်ရောက်ခဲ့ကြသလို၊ "စု"ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်းတက်ရောက်ကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြ
သည့် ဟီလာရီကလင်တန်နှင့် လော်ရာဘုရှ်တို့ကလည်း "စု"ဖောင်ဒေးရှင်းအတွက် ၀မ်းမြောက်
ဂုဏ်ယူကြောင်း ဗီဒီယို သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။
"စု"ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်မည်ဖြစ်သည်။
ဟိုနိုလူလူအခြေစိုက် East-West Center မှဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို
မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာမှ မီဒီယာသမားများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။