Monday, February 24, 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ကြံ့မှာ ပြည်သူ့ ဆန္ဒထုတ်ဖော်

၂၀၁၄-၂-၂၄
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ယနေ့ ၂၃ ရက်နေ့ မနက် ၆ နာရီက စတင်ပြီး ရန်ကုန်တိုင်း ထောက်ကြန့်မြို့ ဆန္ဒပြကြပါတယ်။ 

 ထောက်ကြံ့က ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ ဇိနမါရ်အောင် ဘုရားရှေ့မှ ကျိုက်ကလော့ ဘုရားရှေ့ထိ အင်အား ၂၀၀ လောက်က လမ်းရှောက် ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ 
အဓိက အခက်အခဲဖြစ်နေ တဲ့ ပုဒ်မ ၄၃၆ အပါအဝင် ပုဒ်မ ၁၈၊ ပုဒ်မ ၅၉ စ လုံးတို့ကိုလည်း ပြင်ဆင် ဖျက်သိမ်းပေးရေးတွေကို ဆန္ဒပြသူတွေက တောင်းဆိုကြတယ်လို့ သိရပါတယ်။ 

လက်ရှိအစိုးရမှ ဖွဲ့ စည်းပုံပြင်ဆင်ရေးကို အချိန်ဆွဲထားတာတွေ့ မြင်ရပြီး အစိုးရပါတီဖြစ်တဲ့
ကြံခိုင်ရေးပါတီ၏ ခေါင်းဆောင်များက မပြင်ဆင်ရေးပြောဆိုခဲ့တာတွေရှိခဲ့တာကြောင့် ပါတီတွင်
ဆွေးနွေရခက်နေသည့်သဘောရှိနေပြီး ဖွဲ့ စည်ပုံပြင်ဆင်ရေးဟာ ပြည်သူ့ ဆန္ဒအရမဟုတ်ပဲ
အစိုးရပါတီအပေါ်မူတည်နေတာလည်း ဒီမိုကရေစီမကျဖြစ်နေရသည်။

ပြည်သူအများ၏ ဆန္ဒကတော့ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဖွဲ့ စည်းပုံဟာ အာဏာရှင်
စစ်အစိုးရက တဘက်သတ် စိတ်ကြိုက်ရေးဆွဲခဲ့တာကြောင့် ပြည်သူတွေအပေါ် ဖိနှိပ့်မှုများနှင့်
ပုဒ်မ ၄၃၆  အပါအတ၀င် မတရားတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးပို့ အမြို့ မြို့  အနယ်နယ်မှာရှိတဲ့ 
လူမှုအဖွဲ့ အစည်းတွေပူးပေါင်းပြီး ပြည်သူ့ ဆန္ဒထုတ်ဖော်မှုတွေ တနေ့ ထက်တနေ့  များပြားလာ
တာကို တွေ့ မြင်ရပါတယ်။