Tuesday, February 18, 2014

သိန်းစိန်အတွက် ဒုတိယအခွင့်အရေးမရှိ

၂၀၁၄-၂-၁၈
မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းများစွာ ရှိနေတဲ့ နိုင်ငံတစ်ခု၊ ဘာသာတရားပေါင်းစုံ ထွန်းကားနေတဲ့ နိုင်ငံတစ်ခုမှာ အဓိကရုဏ်းကို ဖန်တီးခြင်းမှာ တိုင်းပြည်ကို ချောက်ထဲတွန်းပို့တဲ့
အလုပ် ဖြစ်တယ်။

သိန်းစိန်အစိုးရအနေနဲ့ ...
၁။ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိ။
၂။ ဘာသာရေးလှုံ့ဆော်မှုများကို အရေးယူနိုင်ခြင်းရှိမရှိ။
၃။ ဖွဲ့စည်းပုံပြင်ဖို့ အဟန့်အတားပြုဖွယ်ရှိတဲ့ စစ်တပ်ကို ရင်ဆိုင်ဝံ့တဲ့သတ္တိ ရှိမရှိ။
၎။ စစ်ဥခွံကနေ ဖောက်ထွက်ပြီး အတိုက်အခံများ၊တိုင်းရင်းသားများနဲ့အတူ ရပ်တည်ရတဲ့သတ္တိ ရှိမရှိ။

ဆုံးဖြတ်ရတော့မယ်။ သိန်းစိန်အတွက် ဒုတိယအခွင့်အရေးမရှိနိုင်ပါ။ လက်ရှိအခွင့်အရေးကို အမိအရ အသုံးချပြီး အလုပ်ကြီးအကိုင်ကြီးတစ်ခု လုပ်လိုစိတ်ရှိမရှိ ဆုံးဖြတ်ဖို့ပါ။

ဒေါ်အောင်ဆန်းစုကြည်လို သဘောထားပြည့်ဝတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ရဖို့ မလွယ်ဘူး။
UNFC လို ညီညွတ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတစ်ရပ်ကို ရဖို့ မလွယ်ဘူး။ ဒါကို နိုင်ငံတော်
အတွက် ကောင်းကောင်းအသုံးချပါ။ သမိုင်းကို ပညာလက်နက်နဲ့ ရေးပါ။ ပဋိပက္ခလက်နက်နဲ့
မရေးပါနဲ့။
_________________
ဆရာတော်အရှင်ရာဝိက (17-2-2014)