Friday, February 14, 2014

အားကစားနှင့် ယဉ်ကျေးမှု ၀န်ကြီး ဦးအေးမြင့်၏ ပြောဆိုမှု ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းဖြစ်သောကြောင့် ယဉ်ကျေးမှုဝန်ကြီး တာဝန်မှ နှုတ်ထွက်ရန်တောင်းဆို

၂၀၁၄-၂-၁၄
နေပြည်တော်ရှိ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏အား
ကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး သူရ ဦးအေးမြင့်ဟာ ၀က်လက်မြို့ နယ် ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့  ကြံခိုင်ဖွံ့ ဖြိုးရေးပါတီ
က လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ရက်အနည်းငယ်ကပဲ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို လူတယောက်တည်က ရေးထားတဲ့ ၁၀၆၁၀၂ ဦး
လက်မှတ်တုများနဲ့  ၅၉ (စ)အပါအ၀င် ပုဒ်မ ၃ ခုကို ကန့် ကွက်ကြောင်း ကော်မတီကို ပေးပို့ ခဲ့ပြီး လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ထိုသို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အကျင့်
စာရိတ္တဖေါက်ဖျက်၍ ပြုလုပ်ခဲ့သောလည်း အစိုးရမှ ထိရောက်စွာအရေးယူခြင်းမရှိသေးပါ။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်မှ သစ်ယာကောက်ကျေးရွာမှာ ပြည်သူများကို ဆော်ကားရိုင်းစိုင်းစွာ ပြောဆိုခဲ့ခြင်း၊နိုင်ငံရေးလုပဆောင်နေကြသော နိုင်ငံရေးသမားများကို ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း များ
နှင့် ပါတ်သက်ပြီး ပြည်သူတွေအပေါ် ၀န်ချတောင်းပန်ခြင်းမရှိသေးပဲ၊တာဝန်ရှိသူ အစိုးရမှလည်း 
အရေးယူဆောင်ရွက်ခြင်းမရှိသေးပါ။

အခုတခါ ပြည်သူ့ လွှတ်တော်ဝန်ကြီး ဦးအေးမြင့်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် မြက်တစ်ပင်မှ မစိုက်ခဲ့သေးဘူး၊၊ ဒေါ်စုကို မဲပေးစရာမလိုဘူး၊နိုင်ငံခြားသားကိုယူပြီး သူ့ သားတွေက နိုင်ငံခြားမှာနေသူဖြစ်ကြောင်း၂၀၁၅မှာ ဒေါ်စုနှင့်ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ဒေါ်စုသည် စစ်တိုက်ဖူးသူမဟုတ်ကြောင်း၊သူဟာ စစ်တိုက်ခဲ့ရာမှာ ဗိုက်ကိုကျဉ်မှန်ခဲ့လို့  သူရဖွဲ့ ရခဲ့ကြောင်း ပြောကြားခဲ့သည်။ ပါတီဥက္ကဌ ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ဥက္ကဌ၊လွှတ်တော်ကိုယ်စားလှယ်ဖြစ်
သော ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကို ထိပါးအောင် ပြောဆိုခဲ့တာဖြစ်သောကြောင့် အစိုးရ
တွင်တာဝန်ရှိပြီး ၀န်ကြီး ဦးအေးမြင့်အား ထိရောက်စွာအရေးယူ ဆောင်ရွက်ရမည်။


 တပ်သားများ တိုက်ပွဲမှာ ဒဏ်ရာရပြီး တပ်မှဆေးပင်စင်ပေးခံရကာ လမ်းဘေးတွင် ခြေဖြတ် 
လက်ဖြတ်ဖြင့် တောင်းစားနေကြရပြီး အခွင့်အရေးများမရရှိပဲ။သူရဘွဲ့ ရရှိသူများ ဗိုလ်ချုပ်များသည်
 ယနေ့ လွှတ်တော်တွင် အခွင့်ထူးများနှင့် စည်းဇိမ်ရစ်မူးနေကြသည်။မိမိတို့ တပ်မတော်သားများသည် တိုင်းပြည်အတွက် အသက်ပေးကာကွယ်ရမည်မှာ မထူးဆန်းပေ တာဝန်ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကျန်ခံခဲ့ရပြီးနောက်ပိုင်း ပြည်သူကချစ်ခင်လေးစားသော ဗိုလ်ချုပ်၏ သားသမီးများ နိုင်ငံရေးတွင်ပါဝင်လာမည်ကို စိုးရိမ်သောကြောင့် ၁၉၆၀ ခုနှစ် ဦးနု ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယ နိုင်ငံကို သံအမတ်အဖြစ် စေလွှတ်လိုက်တဲ့ အချိန်ကစ၍ ဒေါ်အောင်ဆန်း စုကြည် ၁၄ နှစ်ကျော်မှာ အသက်ငယ်ငယ်နဲ့  မိခင်အုပ်ထိန်းမှုအောက်မှနေထိုင်ခဲ့ရပြီး၊၁၉၆၂ ခုနှစ် ဦးနေ၀င်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံခြားတွင်နေထိုင် ကြီးပြင်းခဲ့ရသူဖြစ်သည်။ပြန်လာရန်စီစဉ်သော်လည်း နအဖလက်ထက် ပတ်စပို့ (Passport) ပြဿနာဖြစ်ခဲ့ဘူးသည်။
 ၁၉၆၂-၆၃ နယူးဒေးလီ ဆုဒီလန်ခရေးကြီး တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံပညာကို တက်ရောက်ခဲ့ပြီး။၁၉၆၄-၆၇ ၀ိဇ္ဇာဘွဲ့  ဒဿနိက၊နိုင်ငံရေးသိပ္ပံ၊စီပွားရေး ပညာရပ်တို့ ဖြင့် အော့စဖိုဒ်တက္ကသိုလ် စိန့် ဟူးကောလိပ်မှ ဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂-၆-၂၀ ရက်နေ့ တွင် အော့စဖိုလ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် (Honorary Doctor of Civil Law) ဒေါက်တာဘွဲ့ နှင့် ၁၉၉၁ ခုနှစ်တွင့် နိုလ်ဘယ်ငြိမ်းချမ်းရေးဆု၊ နိုင်ငံတကာမှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့ များနှင့် ဆုများ ၁၂၀ ကျော်ကို ရရှိထားသော နိုင်ငံဂုဏ်ဆောင် အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သည်။၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်အထိ
မြန်မာ့နိုင်ငံရေးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၄ နှစ်ကျော်၊မိမိ၏မိသားစုနှင့်ကွဲကာ၍ တိုင်းပြည်နှင့်
လူမျိုးအတွက် ဘ၀ကိုနှစ်မြုတ်ခဲ့သူဖြစ်ပြီး ဖခင်မျှော်မှန်းခဲ့သော အောင်ဆန်းလမ်းစဉ်နှင့် ဒီမိုကရေစီ
စနေစ်ပ်ါထွန်းရေးအတွက် အဖက်ဖက်မှကြိုးစားကာ စစ်မှန်သောဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာ
အောင် တနိုင်ငံလုံး ဒီမိုကရေစီပျိုးပင်များကို စိုက်ပျိုးနေရပြီး အနာဂတ်သားကောင်းရတနာများကို မွေးထုတ်ပေးခဲ့သည်။

ဖခင်ဖြစ်သူ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြုစုပျိုးထောင်ခဲ့သော တပ်မတော်ကြီး
တွင် စစ်မှု့ ထမ်းကာ မိမိ၏ဘ၀တိုးတက်လာပြီး ရာထူးဂုဏ်ရှိန်နှင့် စီပွားဥစ္စာချမ်းသာကြွယ်ဝလာကာ ဒီမိုကရေစီခေတ်တွင် ပြည်သူ့ လွှတ်တော်အမတ်၊အစိုးရအဖွဲ့ တွင် ထိပ်တန်းဝန်ကြီးရာထူးယူထားပြီး
 မိဘ၊ ဆရာသမား၊ ကျေးဇူးတင်ထိုက်သူများကို မေ့လျော့ထားပြီး၊အသိတရားခေါင်းပါးသော ညဏ်ဖြင့် ၀န်ကြီး ဦးအေးမြင့်၏ ပြောဆိုခြင်းသည်။အစိုးရအဖွဲ့ ရော မိမိ၏မိဘ ဂုက်သိက္ခာကိုကျဆင်းစေသည်။

တိုင်းပြည်ကို လွတ်လပ်ရေးကိုရရှိအောင်ဆောင်ရွက်ခဲ့သောလွတ်လပ်ရေး၏ဖခင်ကြီး မျက်နှာမ
ထောက်၊တပ်မတော်၏ ကျေးဇူးရှင်ကို ဆော်ကာရိုင်းပြသလိုဖြစ်နေသည်။  ပြည်သူတွေ အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ဒုတိယ လွတ်လပ်ရေးကို ကြိုးပမ်းနေသူ
ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဆောင်ရွက်မှုများကို ကမ္ဘာကစံထားကြ
ပေသည်။ထို့ ကြောင့် သမိုင်တခေတ်သွင်မည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလည်းရေးကို မြန်မာနိုင်ငံသူနိုင်ငံသားများက အားပေးထောက်ခံကြပြီး၊ အနာဂတ်မှာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့  အင်နဲ့ အားနဲ့  ချီတက်လာနေတာကို တွေ့ မြင်နေကြပေသည်။ စစ်အာဏာရှင်များသည် ၂၀၁၅ မရောက်ခင် သွေးရှုးသွေးတန်းနဲ့  လုပ်ခြင်တာ
လုပ် ပြောချင်တာပြော အမှားများနှင့် သွေးလန့် နေကြသည်ကို တွေ့ မြင်ရသည်။

မည်သို့ ပင်ဖေါက်ပြန်စေကာမူ ပြည်သူများကတော့ အာဏာရှင်စနစ်ကို ရွံ့ ရှာမုန်းတီးနေကြပြီး
လူတစ်စုကောင်းစားရေးကို လက်မခံကြတော့ပေ။  ၂၀၁၅ ဟာ ပြည်သူတွေက မိမိတို့ ကံကြမ္မာကို 
မိမိတို့ ဆန္ဒနဲ့ ရွေးချယ်ရမယ့် အချိန်ကိုရောက်လို့ လာမှာဖြစ်ပါတယ်။ ပြည်သူတွေအပေါ် ရိုင်းစိုင်းစွာဆက်ဆံခြင်း၊ဖိနှိပ်ခြင်း၊ထောင်သွင်းအကျဉ်းချခြင်း၊သတ်ဖြတ်ခြင်း၊မတရားသော
ဥပဒေတွေနဲ့  ဖမ်းဆီးခြင်း၊လယ်ယာမြေများသိမ်းယူခြင်း၊နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး စသည့် ဖိနှိပ်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့သော အာဏာရှင်အစိုးရ ဇတ်သိမ်းခန်းကိုရောက်နေပါပြီ။ ဒါကြောင့်မို့ လို့  အခွင့်ထူးခံ ဗိုလ်ချုပ်များ သွေးကြောင်ရင်လဲ သွေးကြောင်စရာပါပဲ ပြည်သူတွေက အမျှော်အမြင်ကြီးစွာ
နဲ့  လွပ်လပ်မှု၏အရသာကိုသိရှိထားကြပြီဖြစ်သောကြောင့် အာဏာရှင်စနစ် နိဂုဏ်းချုပ်စေမဲ့အချိန် နေ၀င်ချိန်ကိုရောက်ရှိ နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မြသိန်း