Thursday, January 23, 2014

စစ်မှန်သော ဒီမိုကရေစီနိုင်ငံထူထောင်ဖို့  ပြည်သူ့ ပါတီ NLD ကို ၀န်းရံကြစို့ 


၂၀၁၄-၁-၂၃
နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်များ၏ ဖိနှိပ်မှုကြောင့် တိုင်းရင်းသား ပြည်သူများ အလုပ်သမား လယ်သမား ကျောင်းသား ရဟန်ရှင်လူ ပြည်သူများ ဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ ခဲ့ရပြီး တိုင်းပြည် အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ကာ နိုင်ငံတကာမှာ မျက်နှာငယ်ခဲ့ရပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူတွေ ပြားပြားဝပ်ခဲ့ရပြီး ဖိနှိပ့်အနိုင်ကျင့်ခံခဲ့ရ မတရားတဲ့ ဥပဒေ
တွေနဲ့  ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ကျခံရကာ ဘ၀တွေပျက်ခဲ့ရ။အသက်တွေပေးခဲ့ရ။စီးပွားတွေပျက်ခဲ့ရတာကတော့ ဒီမိုကရေစီစနစ်ကိုလိုလားတဲ့ ပြည်သူ့ အင်အားစုတွေပဲဖြစ်ပါတယ်။

အာဏာရှင်တွေဟာ ကိုယ်ကျိုးသာကြည့်ပြီး ဒီမိုကရေစီအင်အားစုတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့
ကြတယ် ပြည်ပအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီတွေကိုဆန့် ကျင်ကြဆိုပြီး ဆောင်ပုဒ်တွေနဲ့  ပြည်သူတွေ
ကို သွေးခွဲ ကြံဖွတ်နဲ့  စွမ်းအားရှင် တွေကိုမွေး၍ နှိပ့်ကွက်ခဲ့ကာ အရေးအခင်းများစွာကို ဖန်တီးခဲ့ပြီးဒီမိုကရေစီကို ခါးခါးသီးသီး ငြင်းဆန်ခဲ့တာဟာ လက်ရှိအစိုးရရှိသူတွေဘဲဖြစ်တယ်။
ဒီမိုကရေစီပေါ်လာတော့လဲ သူတို့ ဘဲ အနောက်နိုင်ငံတွေကို သွားပြီးအကူအညီတွေတောင်းကြတယ်။နိုင်ငံတကာက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကူညီငွေဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းက ဘယ်လောက်ရတယ်ဆိုတာ ကြေညာခြင်းမရှိ သုံးစွဲငွေလဲကြေညာခြင်းမရှိ အာဏာရှိသူတွေပဲ
ဒီမိုကရေစီရဲ့ အရသာကို ခံစားပြီး အကျိုးအမြတ်ရှာနေကြသည်။ဗိုလ်ချုပ်တဦးကို စည်းဇိမ်အပြည့်နဲ့  သန်းပေါင်းများစွာ ချမ်းသာကြပြီး စီပွားရေးလုပ်ငန်း ကုမ္ပဏီ အခု ၂၀ လောက်ပိုင်ဆိုင်ကြပါတယ်။


ဒီမိုကရေစီရရှိရေး နှစ်ပေါင်းများစွာ တောင်းဆိုကြသည့် ပြည်သူတွေမှာတော့ မွဲပြာပုဆိုးဖြစ်ခဲ့ပြီး နိုင်ငံတကာမှာ ဒုက္ခသည်ဖြစ် စီးပွားပျက် ကျမ်းမာရေးချို့ တဲ့ကာ။နိုင်ငံတိုးတက်ရေးနဲ့  ဒီမိုကရေစီ ရရှိရေးကြိုးပမ်းသူတွေကြတော့ ပြည်ပြေးသတ်မှတ်ခံရပြီး နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်းခံကြရ
တယ်။

ဒီမိုကရေစီဆို ခါးသီးကြတဲ့ ဗိုလ်ချုပ်တွေက သတင်းစာကနေ မကောင်းကြောင်းတွေရေး သူပုန်တွေ ပြည်ပြေးတွေ မသမာသူတွေ အကြမ်းဖက်သူတွေဆိုပြီး လှုံ့ ဆော်ကြတယ်။အခု ဒီမိုကရေစီပြုပြင်
ပြောင်းလဲရေးလမ်းကြောင်းပေါ်ရောက်လာတော့လဲ အာဏာရှင်တွေကပဲ ဒီမိုကရေစီလို့ ကြွေကျော်ပြီး နိုင်ငံတကာကို ဆက်ဆံနေကြတယ်။ အာဏာရှင်စနစ်တုံးကလည်း နိုင်ငံတော်ရဲ့  လစာနဲ့ တိုင်းပြည်
ရဲ့  သယံဇာတတွေကို အလွဲသုံးစားလုပ်တာ သူတို့ ပဲ၊ ဒီမိုကရေစီကြတော့လဲနိုင်ငံတော်ရဲ့  လစာနဲ့  တိုင်းပြည်ရဲ့  သယံဇာတတွေကို အလွဲသုံးစားလုပ်တာသူတို့ ပဲ၊ သူခိုးကလူကိုပြန်ဟစ်ပြီး ပြည်ပြေးတွေ နိုင်ငံသားမဟုတ်ဘူးလို့  ပြောလို့ ရရဲ့ လား ဒီမိုကရေစီအရေးလှုပ်ရှားကြသူတွေဟာ အချိန်တွေပေး၊ငွေကုန်ခံပြီး မိမိအသိစိတ်ဓာတ်နဲ့  လုပ်နေကြသူတွေကိုတော့ ပြည်ပြေးပြောပြီး ဒီမိုကရေစီပြောင်းလဲ  လာတော့ ဒီဗိုလ်ချုပ်တွေပဲ ဒီမိုကရေစီရဲ့  အခွင့်အရေးကိုခံစားနေကြတယ် ကောင်းကြသေးရဲ့ လား။

ပြည်သူတွေအနေနဲ့  လက်ရှိအစိုးရရဲ့  လုပ်ရပ်တွေဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး။ဒီမိုကရေစီစံနှုန်း
နဲ့  လည်းမညီညွတ်ဘူး၊လူ့ အခွင့်အရေးလည်းမရှိဘူး။တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေလည်း မပေးဘူး၊လယ်သမား အလုပ်သမား ကျောင်းသားတွေရဲ့  အခွင့်အရေးတွေကိုလည်း ချိုးနှိမ်ထားတယ်။ဒါဟာ ဖက်ဒရယ်ပြည်ထောင်စုလို့ ခေါ်လို့ မရပါဘူး။နိုင်ငံသူနိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်အရေး ရရှိဖို့ 
လိုအပ်နေပြီး အတုအယောင် ဒီမိုကရေစီကိုတော့ လက်မခံသင့်ပါ။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာ စံနှုန်းနဲ့ အညီ ပြင်ဆင်ဖို့ လိုအပ်သလို ဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာသည် ပြည်သူ့ ထံမှ ဆင်းသက်နိုင်မှသာနိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ်ကို ရရှိနိုင်မှာဖြစ်ပြီး အစိုးရရဲ့  မတရားဖိနှိပ့်မှုအောက်မှလွတ်မြောက်နိုင်မည်ဖြစ်ပေသည်။

မြသိန်း