Friday, January 10, 2014

အမေရိကန်နိုင်ငံ သံအမတ်နှင့် ၈၈မျိုးဆက်တို့ တွေ့ဆုံ

၂၀၁၄-၁-၁၀
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ် ဒဲရစ်မစ်ချယ်သည် ယနေ့ ဇန်န၀ါရီလ ၁၀ ရက်၊ နံနက် ၈း၃၀ နာရီ အချိန်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့ ရောက်ရှိလာရာ ၈၈မျိုးဆက်မှ မင်းကိုနိုင်၊ ကိုကိုကြီး နှင့် ပြုံးချို တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် အနာဂတ် မြန်မာ့နိုင်ငံရေး အလားအလာများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး အမေရိကန်နိုင်ငံ သံအမတ်သည် နံနက် ၁၀း ၀၀ နာရီတွင် ၈၈မျိုးဆက်ရုံးခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ The 88 Generation Peace and Open Society