Friday, January 24, 2014

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခရီစဉ်လမ်းတစ်လျှောက် ဒေသခံတိုင်းရင်းသား ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆို


အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည် တောင်ပိုင်း တောင်ကြီး နမ့် စန် မိုးနဲ
လင်းခေး ခရီးစဉ်ကို ဒသခံတိုင်းရင်းသား ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲလုပ်ရန် ရှမ်းပြည်နယ်တောင်ပိုင်းကို နမ့်စန်မြို့ကိုအသွားလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လမ်းတစ်လျှောက်တွင် ဒေသခံများက ကြိုဆိုလျှက်ရှိပြီး တောင်ကြီးအဝင် ဆိုင်းဘုတ်နားအရောက်တွင် ဒေသခံ ၂၀၀ခန့်က ရှမ်းအိုးစည်ဝိုင်းဖြင့် ကြိုဆိုကြသည်။

အမျိုးသားခေါင်းဆောင်၏ ရှမ်းပြည်တောင်ပိုင်းခရီစဉ်ကို စစ်တပ်မှ စိတ်အနှောက်အယှက်ဖြစ်အောင်
လေယဉ်ဆင်းခွင့်မပြုခြင်း၊ တောင်ကြီးမီးပုံးပျံကွင်းကို စစ်တပ်ပိုင်ဖြစ်၍ လူထုဟောပြောပွဲပိတ်ပင်ခံရ
ခြင်း၊ ချင်းပြည်နယ်ခရီးစဉ်တွင် ဟောတယ်တည်းခွင့်မပြုခြင်း စသည့် ပြည်နယ်အသီးသီးခရီးစဉ်များကို
အနှောက်အယှက်ပြုနေသည်မှာ စစ်တပ်ကဖြစ်နေကြောင်း သတင်းများတွင်ဖေါ်ပြကြသည်။
ထိုအခြေအနေကိုကြည့်ခြင်းအားဖြင့် စစ်တပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်စစ်မှန်သောဒီမိုက
ရေစီဖေါ်ဆောင်ရေး လုပ်ငန်းစဉ်များ အခက်အခဲများစွာရှိနေသည်ကို ထင်ရှားစွာတွေ့ မြင်ရသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၄ အစမှာပင် အန္တရယ်အခက်အခဲများစွာကို ဖြတ်ကျော်ရမည်မှာ
သေချာပေသည်။သို့ သော် ယခုလို တပ်မတော်၏ လုပ်ရပ်များကို ပြည်သူများက သိရှိနေသောကြောင့်
အာဏာရှင်များ၏ စေသနာမေတ္တာတရား ခေါင်းပါးလေလေ ပြည်သူတွေကတော့ အမျိုးသားခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားများ ပြည်သူများကပို၍ ချစ်ခင်လေးစား အားကိုး
ကြသည်။

ပြည်နယ်အသီးသီး၏ ခရီးစဉ်များ ဘယ်လောက်ပင်အခက်အခဲရှိပါစေကာမှု ပြည်သူများ၏
မေတ္တာစေသနာကြောင့် ခရီးရောက်အောင်ဆောင်ရွက်နိုင်ခဲ့သလို  ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို အခက်အခဲကြားမှ အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီး ပြည်သူလူထု
၏ ၉၀% နီးပါးက ထောက်ခံအားပေးလျှက်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲသည် အာဏာရှင်တပိုင်း ဒီမိုကရေစီနှင့် စစ်မှန်သော ဒီမိုကရေစီကို ခွဲခြားပိုင်း
ဖြတ်မည့် ရွေးကောက်ပွဲတခုဖြစ်လာပေလိမ့်မည်။ပြည်သူများက ၂၀၁၀ ရွေးကောက်ပွဲ၏ မသမာမှုများ
ရှိခဲ့သောကြောင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာ ရွေးကောက်ပွဲ
လေ့လာရေး ကော်မရှင်ကို ထားရှိရန် လိုလားနေကြသည်။

မြသိန်း