Monday, January 27, 2014

လင်းခေး မြို့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေး ဟောပြောပွဲတွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း

၂၀၁၄-၁-၂၇
ဟိုမှာ နဖူးစည်းစာတန်းမှာဆိုရင် တပ်မတော် နဲ့ ပြည်သူ ကြည်ဖြူစွာလက်တွဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရမည့်ပွဲ ဆိုတာတွေ့ရတယ်၊ ကျွန်မက ဒါကို လက်ခံတယ်၊ ကျွန်မတို့ဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် ရုန်းကန်ခဲ့တာ ၁၉၈၈ ခုနှစ်ကတည်းကပါ၊ ၁၉၈၈ ခုနှစ်ဆိုတာ ဘာလိုလိုနဲ့ အနှစ်သုံးဆယ် နီးပါးတောင် ရှိလာပါပြီ၊ ၂၇ နှစ်ပေါ့၊

အဲ့ဒီတော့ လူငယ်တွေ တော်တော်များများဆိုရင် ဒီခောတ်ကို မမှီလိုက်တော့ဘူး၊ ၁၉၈၈ ခုနှစ်တုန်းက ဘယ်လိုနေပါလိမ့် ဘယ်လိုဖြစ်ပါလိမ့်ဆိုတာ လူငယ်တွေ အများစုဟာ မသိတော့ဘူး၊ မိဘတွေ၊
 ဆရာတွေ ၊ လူကြီးတွေ ပြောတာတော့ ကြားဖူးကြပါလိမ့်မယ်၊ ဒါပေမယ့် တကယ် ဘယ်လိုဖြစ်ခဲ့လဲဆိုတာတော့ မသိကြပါဘူး၊

ကျွန်မတို့ အဲ့ဒီတုန်းက အဖြစ်အပျက်တွေဟာ နိုင်ငံအတွက်ကောင်းတယ်လို့ မပြောနိုင်သလို ၊ တစ်ဘက်ကလဲ နိုင်ငံပြောင်းလဲရေးအတွက်တော့ အင်မတန်မှ တန်ဖိုးရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်၊

နိုင်ငံအတွက် ကောင်းတယ်လို့ မပြောနိုင်တာဟာ ၁၉၈၈ ခုနှစ်မှာဆိုရင် ပြည်သူလူထုရဲ့ အုံကြွမှု့ ၊ ပြည်သူလူထုရဲ့ ဒီမိုကရေစီ လိုချင်လို့ ဆန္ဒပြမှု့တွေနဲ့ ပေါ်ပေါက်လာတဲ့ အရေးတော်ပုံကြီးကို နှိပ်ကွပ်တဲ့နေရာမှာ အင်မတန်မှ ကြမ်းကြမ်းတန်းတန်း နဲ့ နှိပ်ကွပ်ခဲ့ပါတယ်၊ ပြည်သူတွေ နာခဲ့ပါတယ်၊ နာကျဉ်းစိတ်တွေကျန်ခဲ့ပါတယ်၊ စိတ်ဝမ်းတွေ ကွဲခဲံပါတယ်၊ အဲ့ဒါဟာ မကောင်းတဲ့ ဘက်ကပါ၊

ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုင်လဲ ဒီအရေးအခင်းကြောင့် မြန်မာနိုင်ငံ ပြည်သူလူထုဟာ ဒီမိုကရေစီလိုချင်တယ်ဆိုတာ ကမ္ဘာက သိသွားပြီးတော့ အခု အနှစ်သုံးဆယ်နီးပါးရောက်မှ တကယ့် ဒီမိုကရေစီ ရရှိနိုင်မယ့် အခွင့်အရေးတွေ ကျွန်မတို့ ရနေပါပြီ၊ ... " ဟု ထည့်သွင်းပြောကြားခဲ့သည်။

လင်းခေးမြို့တွင်ပြောကြားသော ဒေါ်အောင်ဆန်းစုကြည် ၏ အသံဖိုင်ကို အောက်ပါ လင့် တွင် နားဆင်နိုင်ပါသည်။
http://nldchairperson.com/