Thursday, January 23, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် လုံခြုံရေးစိုးရိမ်


၂၀၁၄-၁-၂၃
ပြည်သူများက ချစ်ခင်လေးစားကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
၏ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်တွင် လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့  ပြည်သူများက စိုးရိမ်ပူပန်
လျှက်ရှိသည်။ ရန်ကုန် သတင်းများတွင်မှော်ဘီမြို့နယ်ရှိ အမှတ် ၅၀၁၀ တင့်ကားတပ်အတွင်းမှ လက်နက်တိုက် ဖောက်ထွင်းခံရမှုများရှိခဲ့ပြီး လက်နက်များပြောက်ဆုံးနေသည်။ မကြာခဏ ဆိုသလို ဗုံးဖေါက်ခွဲမှုများရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား စိုးရိမ်ပူပန်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် အစိုးရမှ လုံခြုံရေးအမြောက်အများချပေးထားခဲ့
 သည်။ အမျိုးသားခေါင်းဆောင်တဦးဖြစ်သည့်အပြင် ဒီမိုကရေစီအရေးအတွက်၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို ဆက်တိုက်ဆိုသလိုပြည်နယ်အသီးသီးကို သွားရောက်၍  ပြည်သူလူထုနှင့် တွေ့ ဆုံပွဲများ ဆောင်ရွက်လျှက်ရှိရာ လူထုထောက်ခံမှုကိုရယူ၍ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းလျှက်ရှိသည်။

တဘက်တွင် အခြေခံဥပဒေကို မပြင်ဆင်လိုသော အာဏာရှင်များရှိနေသောကြောင့် အမျိုးသားခေါင်း
ဆောင်၏ လုံခြုံရေးနှင့် ကျမ်းမာရေးကို ပြည်သူလူထုက စိုးရိမ်မှုများရှိနေသည်။

လက်ရှိဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်လုံခြုံရေးအားလုံးကို အစိုးရ ရဲတပ်ဖွဲ့ ဝင်များက တာဝန်ယူ
ဆောင်ရွက်ပေး လျှက်ရှိနေပြီး အင်အားတိုးချဲ့ ၍ လုံခြုံရေးတာဝန်ယူရန် အစိုးရတွင်တာဝန်ရှိပါသည်။