၂၀၁၃-၁၂-၆
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အဖရိက သမ္မတ ဟောင်း Nelson Mandela လူအခွင့်ရေး ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အာဖရိက၏ ဖခင်ကြီးလည်းဖြစ်ပါသည်။
၅-၁၂-၂၀၁၃ ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်အတူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။
ကမ္ဘာကြီးအတွက် အဖိုးတန် လူသားတယောက်ဆုံးရုံးရပြီး တောင်အာဖရိကလူသားများအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်ရမှာ သေချာပါတယ်။လူသားတွေဟာ အချိန်တန်တော့လည်း ပြန်ကြရမြဲပါ။ဒီခန္ဓာကြီးကို မည်သူမျှဆွဲထားလို့ မရနိုင်ပါ သင်္ခါရဆိုတာကို လူသားတွေ သဘောပေါက်ဖို့ လိုပါတယ်။အတတွေ မာန်မာနတွေ လောဘတွေနဲ့ အချိန်မကုန်စေချင်ပါဘူး Nelson Mandela လို တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ဖို့ လိုသလို အချိန်ကိုလည်းတန်ဖိုးထားဖို့ လိုပါတယ်။
ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေ။
လူထုအော်သံ