Tuesday, December 3, 2013

“ ရဟန်းတော်တွေဆိုတာ ”

၂၀၁၃-၁၂-၃
မင်းတို့ ပရိတ်ရွတ်တာနဲ့ ပတ်သက်ရင်တော့ “ အပ္ပသန္နာနံ ၀ါ ပသာဒါယ” ဖြစ်ပါတယ်၊ ဒိပြင်ဟာတွေနဲ့ ပတ်သတ်ရင်လဲ “ အပ္ပသန္နာနံ ၀ါ ပသာဒါယ” ဖြစ်အောင်လုပ် မင်းတို့ လုပ်ဘို့ လိုတယ်၊ မကြည်ညိုသေးတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီးတော့ အကြည်ညိုမဲ့သွားအောင် ကြည်ညိုပြီးသား ပုဂ္ဂိုလ်တွေ နောက်ဆုတ်သွားအောင် ဘယ်တော့မှ မင်းတို့ မလုပ်ရဘူး၊ 

ငါက လောကီအခွင့်အရေးကို မျှော်ကိုးပြီး ပြောတာမဟုတ်ဘူး။
လောကီအခွင့်ရေးဆိုတာ ဘာများ အသုံးကြလို့တုန်း၊ မင်းတို့ ဘုန်းကြီးတပါး ဘယ်လောက်ပဲ ဘုန်းကြီးဘုန်းကြီး ခန္ဓာကိုယ်မှာ သေလောက်တဲ့ ရောဂါ စွဲကပ်လာရင် သူ့ဘုန်း ဘာများတတ်နိုင်တုန်း၊ ဘာမှ မတတ်နိုင်ဘူး၊ အေး အဲဒီလောကီအခွင့်အရေးကို မျှော်ပြီးတော့ ပြောတာမဟုတ်ဘူး၊ ဘုရားဝိနည်းတရားတော်အတိုင်း ငါပြောနေတာ။

ဒီတော့ “ အပ္ပသန္နာနံ ၀ါ ပသာဒါယ ”မကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေ ကြည်ညိုလာအောင် “ ပသန္နာနံ ၀ါ ဘိယျော ဘာဝါယ-ကြည်ညိုပြီးသား ပုဂ္ဂိုလ်တွေ တိုးပြီးတော့ ကြည်ညိုလာအောင် ” ရဟန်းတော်တွေဆိုတာ အဲသလိုမျိုး ဆောင်ရွက်ရတယ်။



ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ