Tuesday, December 31, 2013

၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု လာရီဒိုင်းမွန်း ပြောကြား

၂၀၁၃-၁၂-၃၁
လာ မည့် ၂၀၁၅ရွေးကောက်ပွဲ တွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု စတန်းဖို့ဒ်တက္ကသိုလ် မှ နိုင်ငံရေးသုတေသနပညာ ရှင် ပါမောက္ခလာရီဒိုင်းမွန်းက ပြောသည်။ဒီဇင်ဘာလ ၂၉ရက်က
 Orchid ဟိုတယ်၌ ပြုလုပ် သည့် 'မြန်မာ့ဒီမိုကရေစီ အ သွင်ကူးပြောင်းရေး၊ နိုင်ငံရေး ပဋိညာဉ် မရှိခြင်းအန္တရာယ်'ဆွေး နွေးပွဲတွင် ယင်းသို့ ပြောကြား ခြင်းဖြစ်သည်။

ပါမောက္ခလာရီဒိုင်းမွန်း က ''၁၉၉ဝပြည့်ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲ ရလဒ်တွေကို ကြည့်မယ်ဆိုရင် အပြတ်အသတ် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ထား တယ်။ ၂၀၁၅ရွေးကောက်
 ပွဲ ဖြစ်လာမယ်ဆိုရင်လဲ ဒီအနေ အထားမျိုးပဲ အနည်းနဲ့ အများ ပြန်ဖြစ်ဖို့ရှိ တယ်''ဟု ပြောသည်။

Yangon Media Group