၂၀၁၃-၁၂-၁၂
တချို့ က မလိုလားသလိုလို စိတ်မပါသလိုလို လုပ်နေတဲ့ကိစ္စတွေ အမေပွင့်ပွင့် လင်းလင်းဘဲပြောမယ်။ဒီဟာမရိုးသားဘူး။ တကယ်ဘဲ ဒီမိုကရေစီလိုချင်တယ်ဆိုရင် ဒီဖွဲ့ စည်းပုံ ဥပဒေကို ပြုပြင်ပြောင်းလဲချင်စိတ်ရှိကိုရှိရမယ်။ အဲဒီလို စိတ်မရှိဘူးဆိုရင် တကယ့် ဒီမိုကရေစီကို မလိုလားလို့ ဘဲ ။ အဲဒါတော့ အမေတို့ က ခပ်မာမာဘဲ ကိုင်ထားတယ်။ ဒီလိုကိုင်ထားလို့  အမေတို့ အနေနဲ့  ဒီ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲတာအောင်မြင်လို့ ရှိရင် ဘယ်သူ့ အပေါ်မှာမှ အနိုင်ကျင့်ဘို့ အနိုင်ယူဖို့ ဆိုတာ လုံးဝစိတ်ထဲမှာ မရှိဘူး။