၂၀၀၈ ဖွဲ့ စည်းပုံပြင်ရေးအတွက် တွေ့ ဆုံရေး ကာကွယ်ရေး ဦးစီးချုပ်က အထူးအရေးပေါ်အစည်း
အဝေးခေါ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ်ကနေ ကာကွယ်ရေး ဦးစီးချုပ် ၊ သမ္မတတို့  နဲ့  တွေ့ ဆုံဖို့ အတွက် ဗဟို အလုပ်မှုဆောင်
အဖွဲ့ ရဲ့  မေတ္တာ ရပ်ခံစာ ကို အကြောင်း ပြန်နိုင်ဖို့ အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး
မင်းအောင်လှိုင်က တပ်ထဲက ခေါင်းဆောင်တွေကို ဆင့်ခေါ်ပြီးအထူးအရေးပေါ်အစည်းတစ်ရပ်
ဒီနေ့  ပြုလုပ်တယ်လို့  FNG က သိရ ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရဲ့  အထူးအရေးပေါ် အစည်းအဝေးမှာ မြောက်ကိုရီးယား နဲ့ သံယောဇဉ်
မပြတ်လို့  ဇူလိုင် လ က ဒဏ်ခတ် ပိတ်ဆို့  ခံရတဲ့ ဗိုလ်ချုပ်ကြီး သိန်းဌေး လဲ ပါဝင်တယ် လို့  သိရ ပါတယ်။
” ဒီနေ့  လုပ်တာ G1 တွေ( စစ်ဦးစီးချုပ်) တွေ ၊ တပ်မှုးတွေနဲ့  တိုင်းမှုးအချို့ လဲပါတယ်။
ကာကွယ်ရေး ၀န်ကြီး လဲ ပါတယ်။ NLD က ပို့  ထားတဲ့ စာ ကို ဘယ်လို အကြောင်း ပြန်
မလဲ ပေါ့ ။ ဒီနေ့ မပြတ်ရင် မနက်ဖြန် လောက်အထိဆက်လုပ်မယ် ထင်တယ်လို့  ကာကွယ်ရေး
ဝန်ကြီးဌာနက အရာရှိ တစ်ဦးက FNG ကို ပြောပါတယ်။
NLD က ပေးပို့ တဲ့စာနဲ့  ပတ်သက်ပြီး ကာချုပ်က အစည်းအဝေး ခေါ်ရာမှာ လွှတ်တော်ထဲက
တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မှုမရှိဘူးလို့  ဆိုပါတယ်။
အရင်က မြန်မာ စစ်တပ်မှာ နံပါတ် ၃ အဆင့်ရှိ ပြီး အခုလွှတ်တော် ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်
နေတဲ့ သူရဦးရွှေမန်းကတော့ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံသူ တစ်ဦးဖြစ်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ရဲ့  အရေးပေါ် အစည်းအဝေးဟာ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး
သန်းရွှေကပဲ ခေါ်ယူခိုင်းတာလား ဆိုတဲ့ မေးခွန်းကိုတော့ FNG နဲ့  အဆက် အသွယ်ရှိတဲ့ စစ်ရုံးက
အရာရှိ က ” သူ့  အနေနဲ့  အဲဒါကိုတော့ မသိဘူး” လို့  ပြောပါတယ်”
ဒီအစည်း အဝေးဟာ တပ်တွင်း အစည်းအဝေး သက်သက်သာဖြစ်ပြီး မြန်မာ အစိုးရအဖွဲ့  ထဲ
က တစ်ယောက်မှ မပါဘူး လို့  သိရပါတယ်။
FMG