၂၀၁၃-၁၁-၂၇
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့  ခရီးထွက်ခွာသွား
ခြင်းကို မြန်မာ့အလင်းသတင်းစာမှစတင်ဖော်ပြထားပါတယ်။ရှေ့ ပိုင်းခရီးစဉ်တွေမှာ အစိုးရပိုင်
သတင်းစာနှင့် သတင်းတွေမှာ ဖော်ပြလေ့မရှိတဲ့အတွက် အတိုက်အခံပိုင်းနှင့် သတင်းမီဒီယာတွေက
ဝေဖန်လေ့ရှိကြပါတယ်။
အခုလိုဖေါ်ပြခြင်းဟာ ဒီမိုကရေစီကိုလျှောက်လှမ်းနေတဲ့ အစိုးရနှင့် အစိုးရမီဒီယာတွေ
ပြောင်းလဲလာနေတာကို ဖော်ပြလိုက်သလိုဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်ခဲ့တယ်လို့ 
ဆိုနိုင်ပါတယ်။သတင်းဆိုတာ ဖျောက်ကွယ်ထားလို့ မရတော့တဲ့ ခေတ်ကြီးထဲကို ရောက်နေပါတယ်။
ပြည်သူတွေ အချိန်နဲ့ တဖြေးညီ သတင်းမှန်သိရှိဖို့ နဲ့  လေ့လာသုံးသပ်နိုင်အောင် ပြည်တွင်းပြည်ပမှ
သတင်းတွေကို ဖေါ်ပြနိုင်ဖို့ လိုအပ်ပါတယ်။အစိုးရသတင်စာမှာ မထဲ့လည်း တခြားပြည်တွင်းစာဆောင်
တွေမှာ ဖော်ပြလေ့ရှိနေတာဖြစ်လို့  အစိုးရသတင်းစာရဲ့  ဂုဏ်သိက္ခာကိုညှိုးနွမ်းစေပါတယ်။ပြည်သူ
အများလေ့လာစည်းပူး ဝေဖန်သုံးသပ်နိုင်တဲ့ ဒီမိုကရေစီအလေ့အထတွေတိုးပွားစေဖို့ လိုအပ်ပါတယ်။
မြသိန်း