Thursday, November 21, 2013

ရွှေညဝါ ဆရာတော်တရားပွဲ ခွင့်ပြုချက်မရဘဲပြုလုပ်သည်ဟုဆိုကာ ပွဲစီစဉ်သူကို တရားစွဲ



2013-11-21
ကြည့်မြင်တိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော် တရားပွဲ ကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟုဆိုကာ တရားပွဲစီစဉ်သူများ တရားစွဲခံရ သည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် တရားစွဲခံထားရသူက မဇ္ဈိမကို ပြောကြား လိုက်သည်။

အဆိုပါ တရားပွဲမှာ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်တွင်နေထိုင်သည့် ဦးနု၊ ဒေါ်ခင်မာကြည်မိသားစုက မှော်ဘီမြို့နယ်၊ ရွှေညဝါတောရကျောင်တိုက်တွင် သီတင်သုံးနေသည့် ဦးပညာသီဟ (ရွှေညဝါဆရာတော်) ကို ကျောင်းဆောင် သစ် ဆောက်လုပ်ရာတွင် အလှူငွေများ လှူဒါန်းမည်ဖြစ်၍ နိုဝင်ဘာ ၁၄ ရက် က ကျင်းပပြုလုပ်ခဲ့သော တရားပွဲဖြစ်သည်။
Mizzima - News in Burmese