ဒေါ်အောင်ဆန်းစုကြည်ကို EU ဥရောပသမဂ္ဂက ၁၉၉၀ ပြည့်နှစ်မှာ ချီးမြင့်ထားတဲ့ Sakharov လူ့အခွင့်ရေးဆုကို စစ်အာဏာရှင်လက်အောက်တွင် ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ဖိနှိပ်မှုခံခဲ့ရပြီး ဘ၀ကိုနှစ်မြုတ်ကာ မိနှင့်ဖ တို့ ၏ ချက်မြုပ်ဇာတိ အမိမြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် ကြိုးစားရင်း ဆုကို၂၃ နှစ်အကြာတိုင်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့ ဥရောပပါလီမန်မှာ ကိုယ်တိုင်တက်ရောက်၍ လက်ခံရယူခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာကျင်းပတဲ့ အဲဒီဆုပေးအပ်ပွဲကို ဥရောပပါလီမန် အမတ်တွေနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ တက်ရောက်ကြပါတယ်။ အဲဒီဆုပေးပွဲအခမ်းအနားမှာ ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Shulz က ၂၃ နှစ်ကြာတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ခရီးဦးကြိုဆိုနိုင်ခဲ့ကြောင်း၊ အခုအချိန်အခါဟာ ကြီးကျယ်တဲ့ အချိန်ကာလ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့  အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသတင်း
နိုင်ငံပိုင် သတင်းစာနဲ့  TV အစီအစဉ်တွေမှာ ဖေါ်ပြမှုအားနည်းနေတာ တွေ့ ရပါတယ်။နိုင်ငံတကာသွား တိုင်း ဖေါ်ပြလေ့မရှိပါဘူး။ အစိုးရက နိုင်ငံပိုင် TVနဲ့ သတင်းစာကို လက်ဝါးကြီးအုပ်ထားတာကို ထင်ရှားစွာတွေ့ မြင်ရပါတယ်။ သို့ သော်လည်း မြန်မာကို ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်ကြား စေခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟာ ဥရောပသမဂ္ဂနဲ့  ပါလီမာန်ကြီးတခုလုံး ပြည်လျှံကာ
နိုင်ငံတကာမှ ခေါင်းဆောင်ကြီးများနှင့် လူမှုအဖွဲ့ အစည်းများ၏ အားပေးထောက်ခံမှုကို အံ့မခန်း လောက်အောင် ထယ်ဝါ၀င့်ကြွားကာ မြန်မာပြည်သူအားလုံး ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြရပါတယ်။
မြသိန်း