Wednesday, October 23, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း မုံရွာမြို့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ
သဘောထားခံယူပွဲ

ဒီကနေ့ ၂၃၊ ၁၀၊ ၂၀၁၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင်၊ စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ မုံရွာမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြည်သူ့ဆန္ဒသဘောထားခံယူပွဲ၊
ကျင်းပပြီးစီးခြင်း။ကျင်းပခဲ့တဲ့ နေရာကတော့ မုံရွာမြို့၊ ကျေက္ကာလမ်း၊ကန်းဦးကျောင်းဝင်းအတွင်းမှာဖြစ်ပြီး  သဘာပတိအဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင် (ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ရှေ့နေကြီး ဦးကြည်ဝင်း(ဗဟိုအလုပ်ဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)   တို့မှပြည်သူ့ဆန္ဒသဘောထားခံယူပွဲ ကျင်းပရခြင်းနှင့် ဥပဒေအတွင်းမှ ပညာရှင်တစ်ဦး၏အမြင်သုံးသပ်ချက်တို့အား ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်အတွင်း (၈မြို့နယ်)မှ တက်ရောက်သူပေါင်း ၁၅၀၀ ခန့် ရှိပါသည်။

အေးမြမြလွင် (ချင်းတွင်းမင်းသမီး)