Wednesday, October 9, 2013

ဖွဲ့စည်းပုံတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက်အချို့ကို (NLD) ၏ထောက်ပြချက်

 (၁) အခန်း (၁) နိုင်ငံတော် အခြေခံရမည့်မူများအခန်းတွင် တပ်မတော်သည် အမျိုးသားရေးဦးဆောင်
မှု ကဏ္ဍ တွင် အစဉ်တစိုက်ဦးတည် နေခြင်း။
(၂) အခန်း(၃) နိုင်ငံတော်အကြီးအကဲသည် စစ်ရေးအမြင်ရှိရမည် ဟူသောအချက်။

(၃) အခန်း(၄) ဥပဒေပြုရေးအခန်းတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့်ပြည်နယ်လွှ တ်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်
းတင်သွင်းသော တပ်မတော်သား (၂၅) ရာခိုင်နူန်းပါဝင်နေခြင်း။

(၄) အခန်း(၅) အုပ်ချုပ်ရေးလွှတ်တော်ကိုယ်စားလှ
ယ်များ သည် ပြည်ထောင်စု ၀န်ကြီးနှင့် ဒုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီး   ဖြစ်သည်ဟုသတ်မှတ်ထား ပြီးကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ခန့်အပ်ထား           သော တပ်မတော်သားကိုယ်စားလှယ် များကိုမူနုတ်ထွက်ရန် မလိုဟုသတ်မှတ်ထားခြင်း။
(၅) အခန်း(၅) အုပ်ချုပ်ရေး ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများခန့် တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျှော်သည့်တပ်မတော်သားများ၏ အမည်စာရင်းကိုနိုင်ငံတော်                သမ္မတကရယူခြင်း။

(၆) အခန်း(၅) အုပ်ချုပ်ရေးရာထူးမှ နုတ်ထွက်ရမည့်အထက်ပါ တပ်မတော်သားဝန်ကြီး၊ ဒုတိယ၀န်ကြီးတို့နှင့် ပက်သက်၍ နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိုနိုင်းရမည်။


(၇) အခန်း(၅) အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတိုင်းဒေသ ကြီး ပြည်နယ်၊ ပြည်ထောင်စု နယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှ
င့် ညှိုနိုင်းဆောင်ရွက်ရမည်။

(၈) အခန်း(၅) အုပ်ချုပ်ရေးနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁၁) ဦးဖြင့် ဖွဲ့စည်းထား၍ ဒုသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၊ ကာကွယ်ရေးဝန်ကြီးဌါန၀န် ကြီး၊ ပြည်ထဲရေးဝန်ကြီးဌါန၊ နယ်စပ်ရေးရာဝန်ကြီးစုစုပေါင်း(၆) ဦးတို့ဖြင့် (majority vote) ကိုတစ်ပါတည်း ရ ယူထားခြင်း။

(၉) တပ်မတော် အခန်း(၆) တွင်တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုးံကို
လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင် ခွင့်ရှိခြင်း။

(၁၀) တပ်မတော်အခန်း (၆) တွင် တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိလက်နက်ကိုင်
အဖွဲ့ စည်းအားလုးံသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း။

(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌန်းချက်များအခန်းတွင် အရေးပေါ်အခြေနေပေါ်ပေါက်လာလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အဏာကိုဖွဲ့စည်းပုံအေ
ခြခံဥပဒေတွင် သတ်မှတ်ပြဌါန်းချက်များနှင့်အညီရယူသုးံစွဲခွင့်ရှိခြင်း။

(၁၂) အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြ
င်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုးံ၏ (၇၅) ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်   ပြည်လုးံကျွတ် ဆန္ဒခံယူ၍ကျင်းပမည်ဟုမည်သို့မျှပြင်ဆင်ခွင့်မရအောင်သတ်မှတ်ထားခြင်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မ
ှ ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် နိုင်ငံ၏လက် တွေ့လိုအပ်ချက်ကိုထည့်သွင်းစဉ်းစားပြီးအချက်(၁၂)ချက်ကို ညှိုနိုင်း အဖြေရှာရန်လိုအပ်ပေသည်

မှတ်ချက်အထက်ပါအချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြ
ီးနောက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ညှိုနိုင်းပြင်ဆင်သင့်သည့်အချက်များအဖြစ် ထောက်ပြထားသော
သဘောထားဖြစ်သည်။