Wednesday, October 9, 2013

စစ်တပ်လိုင်းခန်းများတွင် ဦးသန်းရွှေ၏ ဓါတ်ပုံများ ဖြုတ်ချ

ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အိမ်ထောင်သည်လိုင်းခန်းများတွင် ယခင်ကတည်းက ချိတ်ထားသော ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖျြုတ်ချ နေကြကြောင်း သိရသည် ၊

နယ်မြို့များရှိ တပ်ရင်းတပ်ဖွဲ့ ရုံးခန်းများရှိ ဦးသန်းရွှေ ယူနီဖောင်းအပြည့် နှင့် ဓါတ်ပုံများကိုလည်း   ဖြုတ်ချလိုက်ကြကြောင်း အတည်မပြုနိုင်သော သတင်းများ အရသိရသည်။

ဦးသန်းရွှေ ကံဇာတာ အညံ့ဆုံးထဲ ရောက်နေ သည် ဆိုသော သတင်းများလည်း မြန်မာတစ်နိုင်ငံလုံးရှိ စစ်တပ်များ အတွင်း ပျံ့နှံ့လျှက်ရှိနေသည် ၊

ကျောက်ဆည်ရှိ ဦးသန်းရွှေ၏ ဆွေမျိုးနီးစပ်အိမ်များသို့လည်း ဦးသန်းရွှေ၏ မွေးနေ့ မွေးရက် မွေးသည့် အချိန်ကို တယ်လီဖုန်းဖြင့် လှမ်းမေးနေသူများ ရှိနေကြကြောင်းလည်း သိရသည်။

မကြာသေးမှီက ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် နှင့် မော်ဒယ် မိုးစက်ဝိုင်တို့၏ အဝါရောင် လင်ဘိုဂီနီကားပေါ်မှ ဓါတ်ပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါ သတင်းများ ဆက်တိုက် ထွက်ပေါ်လာခြင်းဖြစ်သည် ၊
Credit to Hawdeka Khalaylay