ယနေ့ (စက်တင်ဘာလ၊ ၃၀ ရက်) ညနေ ၄း၁၅
နာရီက စင်ကာပူ၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇစ္စတန်၊ ဖိလစ်ပိုင်၊ ကနေဒါ၊
နိုင်ငံများမှ ပညာရှင်များပါဝင်သော Institute for Global
Engagement
အဖွဲ့သည် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ရုံးသို့ ရောက်ရှိလာပြီး ညနေ ၄း၀၀ နာရီမှ ညနေ ၅း၁၅ နာရီအထိ ၈၈မျိုးဆက်မှ
ကိုပြုံးချို၊ ကိုစိုးထွန်း၊ ကိုဇော်မင်းတို့နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊
ဘာသာရေး အတူတကွယှဉ်တွဲနေထိုင်ရေးတို့တွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရမည့်အခက်အခဲများ၊ လက်ရှိနိုင်ငံရေးအခြအနေများ၊ ဆက်လက်ပူပေါင်းဆောင်ရွက်နိုင်မည့်
အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ Institute for Global Engagement
အဖွဲ့မှ နိုင်ငံတကာအတွေ့အကြုံများကို ပြန်လည်ဆွေးနွေးပြီး အဖြေရှာနိုင်မည့်
နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၄င်းတို့အဖွဲ့သည်
မြန်မာနိုင်တွင် နေထိုင်စဉ်အတွင်း ဘာသာရေး၊ နိုင်ငံရေးနှင့်အတူတကွ
ယှဉ်တွဲနေထိုင်ရေးခေါင်းစဉ်ဖြင့်  အစိုးရအဖွဲ့ဝင်များ၊ သီတဂူဆရာတော်စသည့် အခြားသက်ဆိုင်ရာအဖွဲ့အစည်များနှ င့် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရှိရသည်။