Wednesday, October 2, 2013

ဘာသာရေးနှင့်လူမျိုးရေးပြဿနာများ၊စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာများ ဖြေရှင်းရန်ပြဿနာအားလုံးသည် အခြေခံဥပဒေ ပြောင်းလဲ ပြင်ဆင်ပြီး ဥပဒေစိုးမိုးရေး
နည်းလမ်းသစ်ကို တည်ဆောက်နိုင်မှသာ
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မည်

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့စဉ်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ
များပေါ်ပေါက်လာခဲ့ရသည်။ထိုလက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကို အကြိမ်ပေါင်းများ
စွာဆွေးနွေခဲ့ကြပြီး အပစ်အခတ်ရပ်ဆဲခဲ့သောလည်း ထပ်ပြီးစစ်ပွဲများဖြစ်ပေါ်နေရခြင်းသည် ယနေ့ 
အချိန်အထိဖြစ်ပြီး နိုင်ငံရေးအရဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးမအောင်မြင်ဖြစ်နေရသည်။
အဓိကအကြောင်းအရင်းမှာ နှစ်ပေါင်း၅၀ ကျော်နီးပါး ပြည်တွင်းစစ်မီးကြောင့် စစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်တို့ အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်း အပေးအယူမမျှတခြင်း ကတိတည်ကြည်
မှုမရှိခြင်းတို့ ကြောင့် စစ်ပွဲများထပ်မံဖြစ်ပွားနေရသည်။

ဘာသာရေးနှင့်လူမျိုးရေးပြဿနာများလည်း ထပ်ဆင့်ထပ်ဆင့် ဖြစ်ပွားလာနေပြီး ဘာသာရေးအဖွဲ့ 
အစည်း နိုင်ငံရေးအဖွဲ့ အစည်း လူမျိုးရေးအဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးရရှိအောင် အစိုးရမှ   ဆောင်ရွက်နေသောလည်း သမ္မတ ဦးသိန်းစိန် သံတွဲသို့ ရောက်ရှိနေချိန် လူမျိုးရေးအဓိကရုဏ်း
များဖြစ်ပေါ်ခဲ့သည်။ ဘာသာရေးနှင့်လူမျိုးရေးပြဿနာများကို အဖွဲ့ အစည်းများမှ ထိန်းသိမ်းမ
ဆောင်ရွက်နိုင်ပေ လက်ရှိအစိုးရ၏ လွဲမှားနေသော အတွေးအခေါ်ဖြစ်သည်။ ထိုပြဿနာများကိုဖြေ
ရှင်းနိုင်ရန် တခုတည်းသော နည်းလမ်းမှာ အခြေခံဥပဒေသာဖြစ်သည်။အစိုးရသည် အခြေခံ
ဥပဒေ ခိုင်မာအောင် ဥပဒေစိုးမိုးမှုရှိအောင် ပြင်ဆင်ဖို့ စိတ်မ၀င်စားပဲ လှည့်ပတ်ပြီးညှိနှိုင်းနေယုံမျှနှင့်
ဘာသာရေးနှင့်လူမျိုးရေးပြဿနာများ လက်နက်ကိုင်ပြဿနာများ ဖြေရှင်းရန်မဖြစ်နိုင်ပေ။

စစ်ရေးနဲ့ ဖြေရှင်းတယ်ဆိုတာ နိုင်ငံရေးအရ ဖြေရှင်းမရလို့ နောက်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းကြတာပါ။
အရင်က စားပွဲဝိုင်းမှာ အေးဆေးစွာ ဖြေရှင်းမရခဲ့လို့ တိုက်ခဲ့ကြတယ်ထား။အခုအချိန်မှာ အခြေခံဥပဒေ
ကို ပြင်ဆင်ပြောင်းလဲကာ ဥပဒေစိုးမိုးရေးနည်းလမ်းကိုပြောင်းပြီး  နည်းလမ်းသစ်နဲ့  ဥပဒေအရ
မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှ ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ပေသည်။

တပ်မတော်ဆိုတာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် အစိုးရရဲ့  အောက်မှာဘဲရှိရမယ်။ လက်နက်ကိုင်ဖြစ်တဲ့
အတွက် သမ္မတရဲ့  ညွန်ကြားချက်မရှိဘဲ လုပ်လို့ မရဘူး။ဒါဟာ ဒီမိုကရေစီရဲ့  အလေ့အထဖြစ်တယ်။
တိုင်းရင်းသား လက်နက်ကိုင်ပြဿနာရော၊ဘာသာရေးနှင့်လူမျိုးရေးပြဿနာရော၊ စစ်တပ်ရဲ့  အကြမ်းဖက်မှု၊စိုးရိမ်မှုတွေကို ဖြေရှင်းပေးနိုင်မဲ့အရာဟာ အခြေခံဥပဒေသာဖြစ်တယ်။အခြေခံဥပဒေကို ဒီမိုကရေစီ စံနှုန်းတွေအတိုင်းပြင်ဆင်ပြီး အာမခံချက်ရှိတဲ့ ဥပဒေစိုးမိုးရေးရရှိလာရင် ပြဿနာအားလုံး
ကို ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြေရှင်းရမယ် လွတ်လပ်၍ တရားမျှတမှုရှိရမယ်။တပ်မတော်လည်း ဥပဒေအတိုင်း အကာအကွယ် ရရှိရမယ်။ တပ်မတော်သည် တိုင်းပြည်၏ ကာကွယ်ရေးတာဝန်ကို
ထမ်းဆောင်ပြီး ခေတ်မှီတိုးတက်သော တပ်မတော်ကိုတည်ဆောက်ကာ နိမ့်ကျနေသောတပ်မတော်
သားများ၏ အခန်းကဏ္ဍကိုမြင့်တင်ရမည်။တိုင်းရင်းသားပြည်သူတွေအတွက်လည်း ဥပဒေရဲ့  အကာအကွယ်ကို ရရှိအောင် ဆောင်ရွက်ရမည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ် လက်နက်ကိုင်အဖွဲ့ တွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းဟာ ဥပဒေတခုတည်းသာဖြစ်ပြီး အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ကာ ဥပဒေစိုးမိုးရေးနည်းလမ်းကို ခိုင်မာ
အောင်တည်ဆောက်ပြီး ဥပဒေအရ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးအတွက်
အာမခံချက်ရှိတဲ့ နည်းလမ်းသစ်နဲ့  အစိုးရကိုင်တွယ်ဖြေရှင်းမှသာ ဖြစ်ပေါ်နေသောပြဿနာ
အားလုံး ပြေလည်ပြီး စစ်မှန်သော  ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်နိုင်မည်ဟု ယူဆမိပါသည်။

မြသိန်း