၂၀၁၃-၁၀-၁၂
အခြေခံဥပဒေသည် နိုင်ငံ၏အသက်သွေကြောဖြစ်ပြီး တိုင်းပြည်၏ အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်၏ အဓိက အုပ်မြစ်ဖြစ်သည်။အခြေခံအုပ်မြစ်ကို ဒီမိုကရေစီ စံနှုန်း
တွေနဲ့  မှန်မှန်ကန်ကန် တည်ဆောက်နိုင်မှ ပြည်သူတွေကို အခြေခံဥပဒေအရ ကာကွယ်ပေးနိုင် မည်ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေသည် စစ်တပ်မှ တဘက်သတ်မတရားရေးဆွဲခဲ့ပြီး အာဏာရှင်တွေကို အကာအကွယ် ပေးထားသော အခြေခံဥပဒေဖြစ်ပြီး တိုင်းရင်းသားများ၏အခွင့်အရေး၊လူ့ အခွင့် အရေး၊အလုပ်သမား လယ်သမားများ ပြည်သူတရပ်လုံး၏ လူသားရပိုင်ခွင့် အခွင့်အရေးများဆုံးရှုံးနေရ
ကာ မတရားတဲ့ ဥပဒေများနှင့် ဖမ်းဆီးအရေးယူခြင်းများခံနေရသည်။ထို့ ကြောင့် စစ်မှန်သော ဒီမုကရေစီရရှိရေးအတွက်အခြေခံဥပဒေပြင်ဆင်ရေး(သို့ )အသစ်ပြန်လည်ရေးဆွဲရေးအတွက်
ပြည်သူတရပ်လုံးပူးပေါင်းပါဝင်ကြပြီး မိမိတို့ အခွင့်အရေး မိမိတို့ ကိုယ်တိုင် တိုက်ယူမှရနိုင်မည်
အခြေတနေတရပ်အထိ ရောက်ရှိလာနိုင်ဖွယ်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် တိုင်းရင်းသားများပူးပေါင်း၍ အခြေခံဥပဒေပြင် ဆင်ရေး(သို့ ) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ကြိုးစားနေကြသည်။ပြည်သူ့ သဘောထားခံယူပွဲများ ဆောင်ရွက်လျှက်ရှိပြီး တိုင်းရင်းသားပြည်သူများ၏ ဆန္ဒသဘောထားများကောက်ခံနေရာ
ကူညီးဝန်းရံပေးဖို့  လိုအပ်နေသည်။
အခြေခံဥပဒေပြင်ဆင်ရေး(သို့ )အသစ်ပြန်လည်ရေးဆွဲရေးသည် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်
ဖွယ်ရှိပြီး အချိန်အခါနှင့် ရရှိသောအခွင့်အရေးကို ပြည်သူတွေ အချိန်နှင့်တပြေးညီ ဖော်ဆောင်နိုင်ဖို့  အရေးကြီးသည်။အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေပြင်ဆင်ရေး(သို့ )
အသစ်ပြန်လည်ရေးဆွဲရေးအတွက် ဦးဆောင်၍ ဆောင်ရွက်ပေးနေသောကြောင့်အန္တရယ်ကြီးလှပေ
သည် တဘက်တွင် အာဏာရှင်အစိုးရ၏ သမိုင်းကြောင်းများကို ပြန်လည်ကြည့်လျှင် ဒေါ်အောင်ဆန်း
စုကြည်၏ လုံခြုံရေးသည်အရေးကြီးသည်။ပြည်သူများအနေဖြင့် မိမိတို့ ၏ အနာဂတ်ကို တိုးတက် ကောင်းမွန်အောင် ဖေါ်ဆောင်ပေးနိုင်မည့် နိုင်ငံတကာက လေးစားဂုဏ်ပြုခြင်းခံရသည့် တဦးတည်းသော ခေါင်းဆောင်အား မိမိတို့ တတ်နိုင်သည့်ဘက်မှ ထောက်ခံကာကွယ်ပေးဖို့ 
လိုအပ်ပေသည်။
အတိတ်တွင် နိုင်ငံတာက အသိအမှတ်ပြုသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်းများ နှစ်ရာနှင့်ချီ၍ တဦးသာပေါ်ဖေါက်ခဲ့သည်။စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်း ၅၀ ကျော်ကြိုးစားခဲ့ကြ
သောလည်း ထိရောက်အောင်မြင်မှုမရရှိခဲ့သောကြောင့် မကြာမီ ရောက်ရှိလာတော့မည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီအင်အားစုများ ညီညီညွတ်ညွတ်ဖြင့် အင်အားစုဆည်းကာ အာဏာရှင်များကို အဆုံးသတ်စေပြီး အရပ်သား အစိုရသစ်ကို ရွေးချယ်ကြဖို့ တိုက်တွန်အပ်
ပါသည်။
မြသိန်း