Friday, October 11, 2013

ကမ္ဘာ့ကြီးရဲ့ပြယုဒ် စံနာမူနာ ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်


Australia နိုင်ငံက ပြည်ပ သတင်းတွေထဲက မြန်မာနိုင်ငံ သတင်းတွေကို စိတ်ဝင်စားတဲ့ လူတဦးက
 ဒီနေ့ ကမ္ဘာ့နိုင်ငံတော်တော်များများ ရဲ့ ပညာရေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နေရာယူလာတဲ့ အကြောင်းလေးကို ကျနော့်ကို ပြောပြပါတယ်။
ဒေါ်အောင်စုကြည် ရဲ့ သဘောထားနဲ့ အမြင်က သိပ်ကို ကျယ်ပြန့်လှပါတယ်တဲ့ ဘယ်နိုင်ငံကို   ရောက်ရောက် ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံတယ်။ ကျောင်းသားတွေရဲ့ အသိဥာဏ်ကို 
 မြင့်တင်ပေးပြီး သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးတာဟာ တိုင်းပြည်တပြည်ရဲ့ 
အနာဂါတ်ဟာ လူငယ်မျိုးဆက်တွေလက်ထဲမှာ ရှိတယ်ဆိုတဲ့ အဆိုကို ကျော်လွန်ပြီး တကမ္ဘာလုံးရဲ့  တည်ြိငမ်းအေးချမ်းမှုနဲ့ အနာဂါတ်ဟာလဲ လူငယ် တွေ လက်ထဲမှာ ရှိတယ်ဆိုတဲ့ အဆိုအဖြစ်ပြောင်း လဲ နိုင်ခဲ့ပြီတဲ့။
ဒါဟာ WORLD PEACE NOBEL နိုလ်ဘယ်ဆုထက် ပိုမိုမြင့်မားတဲ့ ဆုလဒ် တခုဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။ဒါကြောင့် နိုင်ငံတကာက လူငယ်ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ကျောင်းတွေမှာ တက်ရတာကို ဂုဏ်ယူကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့ ကျောင်းတွေကို ရွေးချယ်ပြီး တက်နိုင်ကြဖို့ကျိုးစားလာလိမ့်မယ်၊ တပြိုင်နက်ထဲမှာပဲ   ကျောင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေါ်ပြီး ကျောင်သားတွေကို ဆွဲဆောင်ဖို့အတွက်   ကျောင်းသားတွေ ၊ ကမ္ဘာ့မိသားစုတွေနဲ့ တွေ့ဆုံပွဲ တွေကို ကျောင်းတွေမှာ ပြုလုပ်ပေးဖို့ အလုအယက် ဖြစ်လာနိုင်တယ်လို့သုံးသပ်ပြီး ဒီလို အလုပ်အယက်ဖြစ်လာမည့် ဖိတ်ခေါ်မှုတွေကိုလဲ ကြိုဆိုရမှာဖြစ်ပြီး အနာဂါတ်မျိုးဆက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ မှာ သူတို့ လေးစားတဲ့ သူတို့ရဲ့ သူရဲကောင်းကို တွေ့ခွင့် ရမည့် အခွင့်အရေး တခုပဲလို့ ရှင်းပြခဲ့ပါတယ်။

မဟာမိုးဇက် ဖီလော်ဆိုဖာမောင်မြသာ