၂၀၁၃-၉-၃၀
ရုတ်တရက် အမော ဖောက်ခြင်းကြောင့် လမ်းမတော် မြို့နယ်ရှိ Green Cross
ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူ နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
သဘာပတိ အဖွဲ့ဝင်
ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေ
ပြန်လည် ကောင်းမွန် လာခဲ့ပြီး ကျန်းမာရေး ဆေးစစ်ချက် အဖြေ ရရှိ ခဲ့ပြီ
ဖြစ်သည်။
ကျန်မာရေး ဆေးစစ်ချက်အရ ဆရာကြီး၏ အဆုတ်တွင် ရေများ ရှိနေခြင်း၊ နှလုံး ကြီးခြင်းနှင့် သလိပ်
ကျန်မာရေး ဆေးစစ်ချက်အရ ဆရာကြီး၏ အဆုတ်တွင် ရေများ ရှိနေခြင်း၊ နှလုံး ကြီးခြင်းနှင့် သလိပ်
တွင် နမိုးနီးယား ပိုးများ
ရှိနေကြောင်း တွေ့ရှိ ရသည်။ စက်တင်ဘာလ ၂၁ ရက်က ဆေးရုံတွင် စတင် ဆေးကုသမှု
ခံခဲ့ရသည့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး ပြန်လည်
ကောင်းမွန်
လာသော်လည်း ဆေးရုံမှ ဆင်းခွင့် မရသေးဘဲ ကျန်းမာရေး စောင့်ရှောက်မှု ခံယူ
ရဦး မည်ဖြစ်သည်။
ယခုကဲ့သို့ ဆရာကြီးတွင် ဖြစ်ပေါ် ခံစား နေရသော ရောဂါများမှာ ယခင် စစ်အာဏာရှင် အစိုးရ လက်ထက်က နှစ်ရှည် လများ ထောင်သွင်း အကျဉ်းချ ခံခဲ့ ရစဉ် ကာလ အတွင်း ရရှိခဲ့သော ဒဏ်များကြောင့် ဖြစ်သည်။
မြန်မာသံတော်ဆင့်
ယခုကဲ့သို့ ဆရာကြီးတွင် ဖြစ်ပေါ် ခံစား နေရသော ရောဂါများမှာ ယခင် စစ်အာဏာရှင် အစိုးရ လက်ထက်က နှစ်ရှည် လများ ထောင်သွင်း အကျဉ်းချ ခံခဲ့ ရစဉ် ကာလ အတွင်း ရရှိခဲ့သော ဒဏ်များကြောင့် ဖြစ်သည်။
မြန်မာသံတော်ဆင့်