Friday, September 6, 2013

ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဖွဲ့ချုပ်ပြောခွင့်ရ ဦးဥာဏ်ဝင်း ထုတ်ဖော်ပြောကြား

၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပပြီးစီးချိန်တွင် သတင်းမီဒီယာအချို့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်၍ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်၊အမြင်၊ သဘောထားများကို မးမြန်းခဲသည်။ ဦးဥာဏ်ဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် လက်တွေကျ၍   ဖြစ်နိုင်ချေရှိသော အချက်များကိုသာ ပြင်ဆင်မည်ဖြစ်ကြောင်း တချို့အချက်များသည် သဘောအားဖြင့် ကောင်းသည့်အချက်များဖြစ်သည်ဆိုသော်လည်း သဘာဝမကျကြောင်း၊ ပဲ့ပျားပင် နှင့်ရိုက်ရမည့်ကိစ္စကို ၀ါးရင်းတုတ်နှင့် ရိုက်၍မဖြစ်နိုင်ကြောင်း၊အဓိက ခြုံငုံပြီးပြောရလျှင် ရှေ့ နောက်
မညီညွတ်သည့်ကိစ္စများကို ပြင်ဆင်မည်ဖြစ်ကြောင်း၊ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခွင့်ရနိုင်ရန် လိုအပ်သည့် ပြဌာန်း ချက် အချို့သည်။ နိုင်ငံသားတိုင်း တန်းတူ ညီတူ ရှိရမည်၊ ဆိုသည့်အချက်နှင့်   သွေဖယ်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယခုဖြစ်ပွားနေသည့် ဘာသာရေးပဋိပက္ခများနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအလုပ်မှုဆောင်  အဖွဲ့ အနေနှင့် ယခုဖြစ် ပွားနေသော ပြဿနာများသည် ဘာသာရေးနှစ်ခုအကြား အလိုလိုဖြစ်ပွား
 နေသော ကိစ္စမဟုတ်ဘဲ။ လူတစ်စုက ပြဿနာ မဖြစ်ဖြစ်အောင်ဖန်တီးနေသည်ဟု 
တညီတညွတ်တည်း ယူဆထားကြောင်းပြောကြားခဲ့သည်။
တိုင်းရင်းသားများနှင့်ပတ်သတ်၍မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်က တည်းက အမျိုးသားရင်ကြားစေ့ရေးသည် အဖွဲ့ချုပ်၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့်အလျောက် တိုင်းရင်းသားအားလုံးနှင့် အမြင်သဘောထားများဖလှယ်နိုင်ရန် စက်တင်ဘာလ(၇)ရက်နေ့ 
မနက်ဖြန်တွင် တိုင်းရင်းသားပါတီ (၁၃) ပါတီနှင့် အဖွဲ့ချုပ်ရုံး၌ အစည်းအဝေးကျင်းပ မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။