Friday, September 6, 2013

ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်ခွင့်ရရင်

အမေး။ ။
----------
အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်လို့  ဒေါ်စုအနေနဲ့  မြန်မာနိုင်ငံရဲ့  သမ္မတဖြစ်လာမယ်ဆိုရင် လူနည်းစုဖြစ်တဲ့ လူမျိုးစုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ၊ ဒီနိုင်ငံက အစ္စလမ်ဘာသာဝင်တွေနဲ့  ပတ်သက်ပြီး ဘာများဆောင်ရွက်ပေးမှာပါလဲ။

ဒေါ်အောင်ဆန်းစုကြည် အဖြေ။ ။
----------------------------------
ပထမဦးဆုံးအနေနဲ့  ပြောချင်တာကတော့  ကျွန်မခဏခဏ ပြောခဲ့သလိုပဲ ကျွန်မဟာ ဥပဒေစိုးမိုးရေး

ကို အင်မတန် ယုံကြည်ပါတယ်။ ဒီနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားတိုင်းကို ကျွန်မတို့ 
ရဲ့  ဥပဒေက ပြည့်ပြည့်ဝဝ အကာအကွယ်ပေးသင့်ပါတယ်။ ပြည်သူပြည်သားတိုင်းလို့  ဆိုတဲ့နေရာမှာ လူမျိုးစုအားလုံး၊ ဘာသာရေးအုပ်စုအားလုံး ပါဝင်ပါတယ်။ ကျွန်မတို့ ရဲ့  လူမျိုးစုတွေ (ဆိုပါတော့) ဒီနိုင်ငံအတွင်းမှာ အခုလက်ရှိနေထိုင်ကြတဲ့ သူတွေ နဲ့  ပတ်သက်ပြီးပြောရမယ်ဆိုလို့ ရှိရင်တော့ ကျွန်မတို့ ဟာ ဖက်ဒရယ်စနစ်နဲ့ ရှေ့ ဆက်သွားရပါမယ်။ ဒါဟာလည်း ကျွန်မတို့ ရဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က အမြဲလက်ကိုင်ထားခဲ့တဲ့ မူဝါဒတစ်ရပ် ဖြစ်ပါတယ်။ ကျွန်မတို့ ရဲ့ 
 ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် ဖက်ဒရယ်စနစ်ကို ကျွန်မတို့  ကျင့်သုံးဖို့ လိုပါတယ်။

အာဏာရှင် အစိုးရကလက်ထက်တုန်းကဆိုလို့ ရှိရင် ဒီ ဖက်ဒရယ်စနစ်ဟာ ပြည်ထောင်စုကနေ ခွဲထွက်ရေးစနစ် ဖြစ်တယ်လို့  ဆယ်စုနှစ်နဲ့ ချီပြီးတော့ ဝါဒဖြန့် ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့အနေနဲ့  ဖက်ဒရယ်စနစ်ဆိုတာဟာ ပြည်ထောင်စုကနေခွဲထွက်ရေးစနစ် မဟုတ်ပါဘူး။ အမှန်တကယ်မှာ ဖက်ဒရယ်စနစ်ဟာ ပြည်ထောင်စုကနေခွဲထွက်ရေးကို မဖြစ်အောင် အဟန့် အတား
ပြုတဲ့ စနစ်ပဲဖြစ်ပါတယ် ဆိုတာကို အမြဲပဲ ရှင်းပြလာခဲ့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တန်းတူ
ရည်တူ ရှိစေမှုပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်စနစ်ဟာ တန်းတူအခွင့်အရေးမရလို့  မကျေနပ်မှုတွေ ကနေတစ်ဆင့် ခွဲထွက်ခွင့် တောင်းဆိုတာမျိုးတွေ မရှိအောင် ဆောင်ရွက်ပေးနိုင်လို့ ပါပဲ။

ဒီနိုင်ငံမှာဆိုရင် ကျွန်မတို့ တွေဟာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာတဲ့ဘက်မှာ အင်မတန်မှကိုပဲ အားနည်းကြပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းတစ်ချက်ကတော့ ကျွန်မတို့ ရဲ့ ယဉ်ကျေးမှုကြောင့်   ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်မတို့  တွေဟာ အာဏာရှင်စနစ်အောက်မှာ   နှစ်ပေါင်းများစွာ နေခဲ့ကြရတာတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆွေးနွေးညှိနှိုင်းပြီး

လုပ်ဆောင်ရတဲ့ ကိစ္စမျိုးတွေကို လက်တွေ့ အားဖြင့် မကျင့်သုံးတတ်ကြပါဘူး။ ဒီလို တစ်ဦးနဲ့ တစ်ဦး ဆွေးနွေးပြီး၊ ညှိနှိုင်းပြီး လုပ်ဆောင်ရတဲ့ ကိစ္စမျိုးတွေနဲ့  အကျွမ်းတဝင်မရှိရင် ကျွန်မတို့ ဟာ ဘယ်လိုလုပ်ပြီး ဆွေးနွေးညှိနှိုင်းမှုနဲ့  အဖြေရှာရေးကို လုပ်ဆောင်နိုင်တော့မလဲ။ အဲ့ဒါကြောင့်မို့  ကျွန်မတို့ တွေဟာ ဆွေးနွေးညှိနှိုင်းတတ်အောင် အားထုတ်ကြရမယ်။ ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့  ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အတူအတကွ ရှာဖွေကြရမှာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့  ကမ္ဘာကို ပြောချင်တာကတော့ “ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကျွန်မတို့ 

ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဖြေရှင်းသွားမယ်။ ဒီလို ဖြေရှင်းတဲ့နေရာမှာ လူ့အခွင့်အရေးဆိုင်ရာ   နိုင်ငံတကာ စံချိန်စံညွှန်းတွေကိုတော့ အမြဲပဲ လက်ကိုင်ထားပြီး ဆောင်ရွက်သွားမှာပါ။ အဲ့ဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့  ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနိုင်အောင် ကျွန်မတို့ ကို ဝိုင်းဝန်းပြီး ကူညီကြပါ။”