skip to main |
skip to sidebar

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဖွဲ့ စည်းခဲ့သည့် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်စာစောင် မျက်နှာဖုံး ဖြစ်ပါသည်။ အဆိုပါစာအုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်မှစီစဉ်ထုတ်ဝေခြင်းဖြစ်ပါသည်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကာလမှ
ယနေ့ အချိန်အထိ ဒီမိုကရေစီရေးနှင့် အဖွဲ့ ချုပ်အပေါ်သစ္စာရှိစွာဖြင့် အသက်၊
သွေး၊ ချွေး၊ ဘ၀တို့ ပေးဆပ်ခဲ့ကြသော အဖွဲ့ ချုပ်အဖွဲ့ ဝင်များ နှင့်
အဖွဲ့ချုပ်အပေါ်နှစ်ပေါင်းများစွာ၊ ကျောချင်းကပ်ရင်ချင်းအပ်၍ သစ္စာရှိစွာ နားလည်စာနာပြီး ထောက်ခံအားပေးခဲ့ကြသော၊ ရဟန်း၊ရှင်လူ၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့ အား ဤအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ၂၅နှစ်မြောက်ငွေရတုအထိမ်းအမှတ်စာစောင်ဖြင့် ဂုဏ်ပြုမော်ကွန်းတင်ခြင်းဖြစ် သည်" ဟု လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဌ ကိုမောင်မောင်ဦးက ပြောကြားခဲ့ပါ သည်။
စာအုပ်ဈေးနှုန်း မှာ တစ်အုပ်လျှင် လက္ကားဈေး ၁၅၀၀ ကျပ်ဖြစ်ပြီး၊ အုပ် ၁၀၀
အထက်မှာယူသူများ နယ်သို့ ပို့ ပေးကြောင်းသိရသည်။ စာအုပ်များကို
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ဗဟိုလူငယ်ကျင်း ပရေးကော်မရှင်ရုံးခန်း)တွင် ၀ယ်ယူနိုင်ပါသည်။ ဆက်သွယ်မေးမြန်းနိုင်သည့်ဖုန်းနံပါတ်များမှာ
၁။ ဒေါက်တာ ကျော်စွာဦး (၀၉ ၅၁၀၈၈၄၁)
၂။ ကိုမြင့်မောင်မောင် (၀၉ ၄၂၂၁၉၇၀၅၉)
၃။ မခင်ငြိမ်းငြိမ်းအိ (၀၉ ၃၁၆၀၆၄၇၀)