Friday, September 27, 2013

တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မိမိတို့၏ နိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် ငြိမ်းချမ်းရေးမရနိုင်သေးခြင်း ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
"အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေလုပ်တယ်။သဘောတူညီချက်တွေ လုပ်ရင်ရော 
တရားဥပဒေစိုးမိုးမှု မရှိရင် ဒီသဘောတူညီချက်တွေကို ထိန်းသိမ်းနိုင်ပါ့မလား၊မထိန်းသိမ်းနိုင်ဘူးဆိုရင် တစ်ယောက်ကကျည်ဆံတစ်ထောင့် ပစ်လိုက်ရင် တစ်ဖက်ကလည်းပြန်ပြီးပျက်သွားမယ်။အဲတော့ တရားဥပဒေ စိုးမိုးမှုမရှိဘဲနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘူး။" ဟုဒေါ်အောင်ဆန်းစုကြည်ကပြော
သည်။ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ယနေ့တွင် ပြုလုပ်သော ၂၅ နှစ်မြောက်ငွေရတုအခန်းအနား ကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် ၊ရွှေဂုံတိုင်ရှိ ရုံးချုပ်ခန်းမတွင် ကျင်းပခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က
 ပြည်တွင်းပြည်ပ မီဒီယာများကို အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
popular