skip to main |
skip to sidebar
မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး
အတိုက်အခံ မြေပေါ်ပါတီတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
အန်အယ်ဒီ ဟာ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို ရွှေဂုံတိုင်ရုံးချုပ်မှာ
ကျင်းပပြုလုပ်။
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်ငွေရတု အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ချုပ် ရည်မှန်းချက်တွေကိုမ မေ့သင့်ကြောင်း စစ်မှန်တဲဒီမိုကရေစီပြည် ထောင်စုတစ်ခုဖြစ်လာဖို့ အရေး ဆက်လက်ကြိုးပမ်းသွားသင့်ကြောင်းသာမန်နိုင်ငံရေးသမားဟာနောက် ရွေးကောက်ပွဲတစ်ခုအတွက်ပဲ စဉ်းစားကြောင်း နိုင်ငံရေးသုခမိန်များနှင့် ဂုရုကြီးတွေကတော့ နောက်မျိုးဆက်အထိပါစဉ်းစားကြောင်း အဖွဲ့ ချုပ်ဟာလည်း နောက်ရွေးကောက်ပွဲတစ်ခုအတွက်ကို စဉ်းစားမဟုတ်ပဲနောက်မျိုးဆက်တွေ အတွက်ပါစဉ်းစားရမှာ ဖြစ်ကြောင်း အဖွဲ့ ဝင်တွေကိုအမှာစကားပြောကြားခဲ့ပါတယ်။