skip to main |
skip to sidebar

အရှေ့ဥရောပသုံးနိုင်ငံကို လည်ပတ်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို မြန်မာအစိုးရကသာ ထောက်ခံအားပေးမှု မလုပ်ရင် မြန်မာအစိုးရဟာ စစ်မှန်တဲ့
ဒီမိုကရေစီကို မလိုလားဘူးဆိုတာ ပြသတဲ့ သဘော သက်ရောက် လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းလဲမှု မရှိမခြင်း
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဖြစ် လာနိုင်ဘူး ဆိုတာကို နှလုံးသွင်း
ထားသင့်တယ်လို့ ဟန်ဂေရီနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်က
ပြောပါတယ်။
ဟန်ဂေရီနိုင်ငံ သမ္မတနဲ့ ဟန်ဂေရီ ဒု နိုင် ငံ ခြား ရေး
ဝန် ကြီး တို့ နဲ့ တွေ့ဆုံမှု အပြီးမှာ ပြောလိုက်တာ ဖြစ်ပြီး
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင် လွန်းတာတွေ မလုပ်သင့်ဘူး လို့လည်း
သတိပေး ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ
ပြုပြင်ပြောင်းလဲရေး လမ်းစတွေ ရှိနေပေမယ့် ဒီမိုကရေစီနိုင်ငံ
မဖြစ်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားတာ
မှန်ကန်ပေမယ့် ဒီလို ဖယ်ရှားပေးတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို
ပိုပြီး အနီးကပ် စောင့်ကြည့် လေ့လာရမှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အကောင်းမြင် လွန်းတာတွေ မလုပ်သင့်ဘူးလို့ ပြောလိုက်ပါတယ်။
ခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ကစပြီးချက်နိုင်ငံကို ရောက်ရှိနေပြီး Forum 2000 ညီလာခံကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။နိုဗယ်ငြိမ်းချမ်းရေးဆုရရှိအောင် သူမရဲ့ နာမည်စာရင်းကို တင်သွင်းပေးခဲ့တဲ့ ချက်နိုင်ငံ
သမ္မတဟောင်းကိုဗားစ်ကလက်ဟာဗေးလ်ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောသွားခဲ့ပါတယ်။
သတင်း- ABC Radio Australia