Saturday, September 28, 2013

ပြည်သူ့ဆန္ဒရယူတော့မည် ပြည်သူတွေ တာဝန်ကြေဖို.လိုပါပြီ

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒရယူကာ    လွှတ်တော်သို့တင်သွင်းမည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး အတွက် လူထု၏ သဘောထားခံယူချက် တောင်းခံကာ လွှတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း                            စက်တင်ဘာ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များပါဝင်       သော အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

၎င်းတို့  ကော်မတီအနေဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လေ့လာရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်၊ ရှေ့နောက်ညီညွတ် ခြင်းမရှိသော ဆန့် ကျင်ကွဲလွဲနေသည့်   ပြဋ္ဌာန်းချက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့် အတား
ဖြစ်နေသည့် ပြဋ္ဌာန်းချက်များအပြင် ပါတီစုံဒီမို ကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်  အတားဖြစ်သော၊ အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီမဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်းနင်းဖြစ်စေသော၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း          မရှိသော၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ လွတ်လပ် ၍ တရားမျှတရေးကို ထိခိုက်နေသည့်   ပြဋ္ဌာန်းချက်များကို တွေ့ ရှိရကြောင်း ယင်းကော်မတီ၏ ကြေညာချက်အရ သိရသည်။

''လူထုဆန္ဒခံယူမယ်၊ ပြင်မလား၊ အသစ်ရေးဆွဲမလား၊ ပြင်တဲ့ ကောင်းကျိုးဆိုးကျိုး
တွေ ပြောပြမယ်။ အသစ်ရေးဆွဲ မယ့် ကောင်းကျိုးဆိုးကျိုးတွေ ပြောပြ မယ်''
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံရာ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ                  ပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေးနှင့် ပတ်သက် သည့် အားသာချက်၊ အားနည်းချက် အကြောင်းအကျိုးများအား ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ ထိုကဲ့သို့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့ ) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ပြည်သူ၏ ဆန္ဒသဘောထား ရယူကာ ရရှိလာသည့်ရလဒ်အား ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မင်းဗညား(NewsWatch)