Saturday, September 7, 2013

တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူ(ရဲဘော်သုံးချိတ်ဝင်) သူရဲကောင်းတို့ အား ထိန်ပင်သုဿန်က အမှိုက်ပုံဘေးမှာ ထားရှိခြင်းသည် နိုင်ငံနှင့် လူမျိုးတို့ ၏ ဂုဏ်သိက္ခာကို ထိခိုက်


အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင် ရေဝေးပို့ မယ်။  ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။သွားလမ်းလာလမ်းကလည်း မဖြောင့်
သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။သိပ်ရင်းမှ.. အင်း..။
ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊   ရွှေတောင်တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊နောက်   ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီးမုဆိုးဝတ္ထု စာရေးဆရာပေါ့)
 နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )ဆိုတာ ဖတ်လို့ ရတယ်။

ကျော်ကျော်
(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁)

ဝမ်းနည်းစရာကောင်းပါတယ် ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကမ္ဘာသိကျော်ကြား
တဲ့ (ရဲဘော်သုံးချိတ်)၀င်များကို လူမသိသူမသိ ထိန်ပင်သုဿန်ကအမှိုက်ပုံဘေးမှာ ပြစ်ထားတာ
ဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကျသလို နိုင်ငံကိုအုပ်ချုပ်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့  အုပ်ချုပ်မှုညံဖျင်း
သောကြောင့် နိုင်ငံဂုဏ်ဆောင် အထင်ကရပုဂ္ဂိုလ်တွေကို အမှိုက်ပုံနားမှာ နေရာထားတာဟာ
နိုင်ငံတကာအလည်တွင် အရှက်ရစရာကောင်းပါတယ်။ 

အမေရိကန်နိုင်ငံ တော်လှန်ရေးတိုက်ပွဲတွင်ပါဝင်ခဲ့သော ပုဂ္ဂိုလ်များကို အထူးအဆောက်အအုံးကြီးများ
ဆောက်လုပ်ကာ Washington Mt. Vernon, Va. နံမည်တပ်ထားကြသည်။ဂျပန်နိုင်ငံတွင်လည်း Yamagata Aritomo (1992) Gokokuji Temple ဗိဗ္မာန်တွင်ထားရှိသည်၊ ဒုတိယကမ္ဘာစစ်က နိုင်ငံ
အတွက် တိုက်ပွဲဝင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများကို Yasukuni Jinjya(ဂူဗိဗ္မာန်)တွင် ထားရှိသည်။
နိုင်ငံတိုင်းတွင် နိုင်ငံအကြိုးအတွက်ထမ်းဆောင်ကြသော အထင်ကရပုဂ္ဂ္ဂိုလ်များကို ထင်ရှားစွာ
ဂူဗိဗ္မာန်များ တည်ဆောက်ကာ ဂုဏ်ပြုကြသည်။

မြန်မာနိုင်ငံတွင်မှု လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပင် ဦးနေ၀င်းလက်ထက်မှစ၍
မေးမှိန်အောင်ပြုလုပ်ခဲ့ရာ စစ်အစိုရအဆက်ဆက်က နိုင်ငံခေါင်းဆောင်ကြီးများကို အလေးမထား
ဂုဏ်မပြုဘဲ သေးသိမ်သောစိတ်ထားများမွေးပြီး အာဃတများထား၍ အုပ်ချုပ်ခဲ့ရာ တိုင်ပြည် အနှစ်
၅၀ ကျော်နောက်ကျခဲ့ပြီး နစ်နာခဲ့ရသည်။ပြုပြင်ပြောင်းလဲရေးကာလ ရောက်တော့မှ ဗိုလ်ချုပ်
အောင်ဆန်းပုံကိုချိတ်ရန် တင်ပြနေဆဲဖြစ်သည်။မြန်မာ့သမိုင်းဝင် ရဲဘော်သုံးချိတ်နှင့် အာဇာနည်
ခေါင်းဆောင်ကြီးများအား စစ်အစိုးရမှ မေးမှိန်အောင်လုပ်ခဲ့ခြင်းသည် သမိုင်းတခတ်တွင်ခဲ့ရလေ
သည်။

ထိုနည်းတူစွာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်စောနောင် ( ရွှေတောင်တိုက်ပွဲ)၊ဗိုလ်မင်းခေါင်။ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်) နောက် ဗိုလ်မြင့်ဆွေ။ ရဲဘော်သုံးကျိပ်ထဲမှ သခင်ထွန်းအုပ်။  
ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )တို့ ကို ထိန်ပင်သုဿန်က အမှိုက်ပုံဘေးမှာ နေရာထားတာကြောင့်
မြန်မာ့ သမိုင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ ပြုပြင်ပြောင်လဲရေးကာလမှာ၊ နိုင်ငံအတွက်
ကြိုးပမ်းခဲ့ကြသူ ရဲဘော်သုံးချိတ်ဝင်များကို ဗိဗ္မာန်တခုဆောက်လုပ်၍ နိုင်ငံတကာအဆင့်အတန်းမှီ
အောင် ထားရှိရမည်ဖြစ်ပြီး နောင်လာနောက်သား မျိုးဆက်သစ်များ အမျိုးဂုဏ်တက်စေရန်နှင့်
အမှတ်တရရှိစေရန် လက်ရှိ ဦးသိန်းစိန်အစိုးရမှ တာဝန်ယူလုပ်ဆောင်ပေး သင့်ကြောင်း အကြံပြု
အပ်ပါသည်။

မြသိန်း