skip to main |
skip to sidebar

ကျမတို့ မြန်မာနိုင်ငံသားတွေကို အစိုးရဆိုးတွေရန်က ကာကွယ်ပေးနိုင်ဖို့
ကောင်းမွန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အရေးတကြီး လိုအပ်နေတယ်ဆိုတာ
ပြောချင်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဍိုင်ဟာ
အစိုးလက်ခုပ်ထဲကရေ ဖြစ်နေတယ်။ ဒီလိုပုံစံနဲ့တော့ အစိုးရဆိုးတွေကို ဘယ်လိုမှ
ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလေ။ ရှင်းရှင်းလင်းလင်း ဗျောင်ကျကျပဲ ကျမကို
စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ၊
"ကျမတို့နိုင်ငံမှာ ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပေ ဒ မရှိဘူး"
"We do not have the Democratic Constitution, let me say this very clearly"
ကျမကို အကောင်းမြင်ဝါဒီတစ်ယောက်လို့ ပြောကြတာ အံ့ဩမိတယ်။ တကယ်တော့ ကျမက
"သတိကြီးတဲ့ အကောင်းမြင်ဝါဒီ" ပါ။ ဗမာပြည်ဟာ ဖြောင့်ဖြူးတဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်မတ်မတ်ရောက်သွားပြီလို့ အရမ်းသတ်မှတ်ချင်နေတဲ့သူတွေ ကျမကို စိတ်ကုန်ရလောက်တဲ့ထိ ကျမသတိကြီးပါတယ်။ ကျမ သူတို့ကိုပြောတယ်။
"ဟင့်အင်း၊ ခဏနေဦး။ ကျမတို့ သတိကြီးကြီးနဲ့ အကောင်းမြင်ကြစို့။
လက်ရှိကျမတို့နိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ကတော့
စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ကျမတို့နိုင်ငံရောက်ရှိဖို့ ဘယ်လိုမှ
အာမခံချက် မရှိဘူး"
ဘာကြောင့်လဲဆို ဒီဖွဲ့စည်းပုံက
ဒီမိုကရေစီနည်းမကျလို့ပဲ။ လွတ်လပ်တဲ့ တရားစီရင်ရေး သူ့မှာမရှိဘူး။ အစိုးရဆိုးတွေကို သူ ပိုင်ပိုင်နိုင်နိုင် မထိမ်းချုပ်ထားဘူး။ လိုချင်တဲ့
အစိုးရမျိုးကို ပြည်သူတွေ စိတ်ကြိုက်ရွေးခွင့်အတွက် ဘာအာမခံချက်မှ
သူ့မှာမရှိဘူး။ ပြောရမယ်ဆိုရင်တော့ လက်ရှိဖွဲ့စည်းပုံဟာ
ချို့ယွင်းအားနဲချက်တွေ ဒင်းကြမ်းအပြည့်နဲ့ပါ။ ကျမအနေနဲ့ တစ်ထိုင်ထဲ
အကုန်ပြောနေလို့ကတော့ ဗာရာဏသီရှည်ပြီး ဆုံးတော့မှာတောင် မဟုတ်ပါဘူးရှင်
(17-9-2013)
ပြန်လည်မျှဝေပေးပါတယ်။
18.9.2013