Tuesday, September 17, 2013

စိုးမိတယ်


လူတို့အကြိုက် ၁၀ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ
ကြီးစွရန်သူ စွဲမှတ်မယူကြပါနဲ့ ရန်သူလို့မြင်မှာ စိုးမိတယ်။

မထောက်ခံချင်နေပါ ပျက်ရယ်တော့မပြုကြပါနဲ့။
သူ့ကျေးဇူးတွေအများကြီးရှိခဲ့တယ်။
အသက်အရွယ် ဂုဏ်ဒြပ် စိန့်လွှတ်အနစ်နာခံမှုတွေကို
လေးစားကြပါ။ ကျေးဇူးရှိသူတွေကို ကျေးဇူးကန်းမှာ စိုးမိတယ်။

မကျေနပ်ရင် မထောက်ခံရင် ပြောချင်သလိုပြော
စော်ကားချင်သလိုစော်ကားလို့ရတယ်ဆိုတဲ့
စိတ်ဓာတ်တွေ ကိန်းကုန်မှာ စိုးမိတယ်။

ကိုယ့်အမေအရွယ် ကိုယ့်အဖွားအရွယ်မို့
ပစ်မှားသူတွေ ငရဲကြီးမှာ စိုးမိတယ်။

သာသနာနွယ်