skip to main |
skip to sidebar
၂၀၁၃-၉-၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို တောင်သူလယ်သမားရေးရာကော်မတီသည် ရန်ကုန်တိုင်းအတွင်းရှိ တိုင်း၊ခရိုင်၊မြို့နယ် တောင်သူလယ်သမားကော်မတီဝင်များကို ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်းနှင်းဆီ စားသောက်ဆိုင် ခန်းမတွင် စက်တင်ဘာလ(၁၅၊၁၆) ရက် ၂ရက်တိုင်သင်တန်းပို့ ချခဲ့သည်။ ထိုသင်တန်းတွင်အဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထိုနောက် တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို ၀ိုင်းဝန်းကူညီဖြေရှင်းပေး
နိုင်ရန်ရည်ရွယ်ပြီး သင်တန်းပေးခဲ့သည်။ သင်တန်းဆရာများမှာ ဒေါက်တာ စိန်လှဗိုလ်၊ဦးတက်ဝင်းမြိုင် ၊ဒေါက်တာထွန်းဝင်း၊ဦးသံဒိုင်၊ဦးကြည်ဝင်း၊ဦးဟုတ်စန်း၊ဒေါက်တာ ကြည်စိုး၊ ဦးဘဟိန်း၊ဦးမျိုးမြင့်နှင့် ဦးလှမြင့်သန်းတိုဖြစ်ပြီးသင်းတန်းသား(၁၅၀)ဦးတက်ရောက်ခဲ့သည်။