skip to main |
skip to sidebar

ယနေ့ (စက်တင်ဘာလ၊ ၁၂ ရက်) မွန်းလွဲ ၃း၃၀ နာရီတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကိုကိုကြီးနှင့် ကိုဂျင်မီ(လူထုဆက်ဆံရေး တာဝန်ခံ)တို့သည် ရန်ကုန်မြို့ သို့ရောက်ရှိနေသော တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှဆိုင်ရာ အထူးသံတမန် WANG YINGFAN နှင့် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် Boardroom ၌ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ အာရှဆိုင်ရာ အထူးသံတမန်က မြန်မာနိုင်ငံအကြောင်း ယခင်က ပင်လေ့လာထားခဲ့ကြောင်း၊ မြန်မာပြည်သူများ၏ ခံစားနေရမှုများကိုလည်း နားလည်ကြောင်း၊ အိမ်နီးချင်းဖြစ်ကြသည့်အတွက် မြန်မာနိုင်ငံ၏ကောင်းကျိုးကို လိုလားပါကြောင်း၊ နှစ်ဖက်အကျိုးတူ ကိစ္စရပ်များဆောင်ရွက်လိုကြောင်း၊ ယခင်က အစိုးရအချင်းချင်းသာ ဆက်ဆံခဲ့ကြကြောင်း၊
ယခုတရုတ်နိုင်ငံသည် ပြောင်းလဲလာပြီဖြစ်ကာ အတိုက်အခံများနှင့်ပါ ထိတွေ့
ဆက်ဆံနေပြီ ဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားခဲ့ပြီး ၈၈မျိုးဆက်များကလည်း
အစိုးရချင်းသာ ထိတွေ့ဆက်ဆံနေ ၍ မရကြောင်း၊ ထို့အတွက် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကသာ ရေရှည်အကျိုးရှိ မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ
တရုတ်အထူးသံတမန်ကလည်း သဘောတူလက်ခံကြောင်း ပြန်လည်
ဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှဆိုင်ရာ အထူးသံတမန် WANG YINGFAN သည် ယခင်က တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စား လှယ်အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။
The 88 Generation Peace and Open Society.