skip to main |
skip to sidebar
၂၀၁၃-၅-၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲမ၀င်မီကာလ အထိ ပါတီတွင်း၌
အခြားခြား သော အဖွဲ့အစည်းများ၏အသုံး ချခံသတင်းပေးများရှိခဲ့ပြီး ယခု
လက်ရှိအခြေတွင်လည်း ရှိနေနိုင် သည့် အတွက် ယင်းသို့သော အခြားအဖွဲ့အစည်းများ၏
အသုံး ချခံအဖြစ် ပါဝင်နေသူ၊ အဖွဲ့ အစည်းတွင်း သတင်းများ အခြား
အဖွဲ့အစည်းများသို့ လျှို့ဝှက်စွာ ပေးပို့နေသူများအား စိစစ်တွေ့ရှိ ပါက
ပါတီစည်း ကမ်း ထိန်းသိမ်း ရေးမှ ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းသည့်အထိ
အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
ဦးဝင်းမြင့်က ပြောသည်။
““အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဦး တည်ချက်နဲ့ထုတ်ပြန်ထားတဲ့ မူဝါဒတွေအရ
ဒီလိုမျိုးလုပ်တာ ကို လုံးဝ လက် မခံပါဘူး။ ပါတီ တွင်းစည်းလုံးညီညွတ်ရေးဆိုတာ
အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ အချို့သော ကိစ္စရပ်တွေ ကြောင့်
ပါတီဝင်အယောင်ဆောင် အချို့ကြောင့် ပါတီတွင်းစည်းလုံး မှုထိခိုက်တာမျိုး
လုံးဝ အဖြစ်မခံဘူး။ ပြောရရင် အရင်တုန်းကဆို အန်ကယ်တို့ထဲမှာ တပ်ကတို့
အခြားအဖွဲ့အစည်းတွေကတို့ လျှိုပြီးထည့်ထားတာ သတင်းပေး သတင်းယူဖို့
ထည့်ထားတာ အများကြီးပဲ အဲဒါကြောင့် အဲဒီအဖြစ်တွေ ကို စံနမူနာယူပြီး ခုချိန်မှာ သေချာစိစစ်ပြီး ဒီလိုဖြစ် မှာကို လုံးဝလက်မခံဘူး။ အဖွဲ့
ချုပ် အဖွဲ့ဝင် တစ်ယောက်ဟာ ဒီလိုမျိုးဖြစ်နေခဲ့မယ်၊ ဒါမှမဟုတ်
အခြားအဖွဲ့အစည်းတစ်ခုခုရဲ့ အသုံးချခံဖြစ်နေမယ် ဆိုရင် ပါတီ
စည်းကမ်းထိန်းသိမ်းရေးက အရေးယူသွားမှာပါ”” ဟု ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
ဦးဝင်းမြင့်က ပြောသည်။
ဆက်လက်၍ ဦးဝင်းမြင့်မှ ပြောကြားရာ၌
လက်ရှိအနေအထားအရ အဖွဲ့ချုပ်တွင်း စည်းလုံးညီညွတ်ရေး မှာ အလွန်အရေး
ကြီးလျက်ရှိနေပြီး အဖွဲ့ဝင်တွင်း စည်းလုံးမှုအတွက်နှင့် လူထု၏ အမြင်၌
အယုံ အကြည်ကင်းမဲ့စေနိုင်သော အပြုအမူမျးအား လုံးဝလက်ခံမည်မဟုတ်ဘဲ အရေးယူသွားပြီး ဘာသာရေး၊ လူမှုရေးလှုံ့ ဆော်မှုများ၌ ပါဝင်နေသူရှိပါ ကလည်း
အရေးယူသွားမည်ဟု သိရသည်။