Monday, May 13, 2013

၈၈မျိုးဆက်ရုံးသို့ အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့  လာရောက်တွေ့ ဆုံ

၁၃၊ ၅၊၂ဝ၁၃ နေ့၊ နေ့လည် ၁း၃ဝ တွင် အမေရိကန်ပြည်ထောင်စုသံရုံးမှ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့်အဖွဲ့သည် ၈၈မျိုးဆက်ရုံးသို့ရောက်ရှိလာပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံ၍ ၈၈မျိုးဆက်ခေါင်းဆောင်တို့၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍ ၎င်းတို့အကူအညီပေးရမည့် ကိစ္စများကိုလည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးသည့်ကိစ္စနှင့် ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)အရ ထောင်ကျကြွေးကျန်ကိစ္စများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲကာလတွင် လူမှုအခြေပြုအဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရေးအတွက် အမေရိကန်အစိုးရအနေဖြင့် အကူအညီပေးရန်အသင့်ရှိနေမှုများ     ကို လည်းကောင်း ပြောဆိုဆွေးနွေးခဲ့ကြသည်။