Monday, May 13, 2013

၈၈မျိုးဆက်ရုံးသို့ တရုတ် သံအမတ်ကြီးနှင့်အဖွဲ့  လာရောက်တွေ့ ဆုံ

၂၀၁၃-၅-၁၃ ရက် နေ့ လည်၂း၃ဝ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr.Yang Houlan နှင့်အဖွဲ့သည် ၈၈မျိုးဆက်ရုံးခန်းသို့ရောက်ရှိလာပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးတစ်ဦးအနေဖြင့် ၈၈မျိုးဆက်တို့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုပင်ဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် အစိုးရချင်း ဆက်ဆံရေးကောင်းမွန်မှုနည်းတူ၊ ပြည်သူချင်းဆက်ဆံရေး၏ အရေးပါမှုကိုလည်းကောင်း၊ နယ်နိမိတ်ချင်းထိစပ်မှုများသောကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်းကောင်း၊ အပြောင်းအလဲကာလတွင် နိုင်ငံသားတို့၏အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာကဏ္ဍများ မြှင့်တင်ရေးတို့ကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်