Monday, April 1, 2013

OPEN SOCIETY INSTITUTE ( OSI )မှ Mr. George Soros ဦးဆောင်သောအဖွဲ့သည် ၈၈မျိုးဆက် ငြိမ်းခြမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ လာရောက်တွေ့ ဆုံ

 ၂၀၁၂-၄-၁
ယနေ့ ဧပြီ၊ ၁ ရက် မွန်းလွဲ ၁း၀၀ နာရီက OPEN SOCIETY INSTITUTE ( OSI )မှ Mr. George     Soros ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလလမ်း၊ အမှတ်-(၁၀၃၉/၁၀၄၀)ရှိ ၈၈မျိုးဆက် ငြိမ်းခြမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ အံ့ဘွယ်ကျော်၊ မာကီးတို့နှင့် တွေ့ဆုံကာ မကြာခင်ကဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ထပ်မံ မဖြစ်ပွားစေရန်နှင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးတို့ကို တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။