skip to main |
skip to sidebar
ဒိန်းမတ်ကျောင်းသားများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌
(၁.၄.၂၀၁၃)တွင်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊
ဗဟိုအမျိုးသမီးအဖွဲ့ဝင် နှင့်ဗဟိုလူငယ်အဖွဲ့
ဝင်များနှင့်တွေ့ ဆုံနွေး ခဲ့ကြသည်။
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့်ဒေါက်တာ
သိန်းလွင်တို့မှ အဖွဲ့ချုပ်အတွင်း လှုပ်ရှားဆောင်ရွက်နေသော
ကဏ္ဍများအကြောင်းနှင့်လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြောင်း များကိုပြောပြ၍တွေ့ဆုံဆွေးနွေးပွဲကိုစတင်ခဲ့သည်။
“ဒေါက်တာသိန်းလွင်မှ အဖွဲ့ချုပ်၏ ပညာရေးမူဝါဒများ ထဲမှဖြစ်သော
ပြင်ပပညာရေး( Non-formal education or alternative education) ကိုရရှိအောင်
ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အသက်မွေး ဝမ်းကြောင်း ကျောင်းများကိုလည်း
ကော့မှူးမြို့နယ်တွင် စတင်သင်ကြားပေးနေပြီ” ဖြစ်သည် ဟုပြောကြားခဲ့သည်။
ကျောင်းသားများမှ “ပညာရေးမူဝါဒနှင့်ပတ်သတ်၍ လွှတ်တော်အတွင်းမှာ ဘယ်လိုမျိုး
လုပ်ရှားမှုတွေရှိလဲ”ဟု မေးမြန်းခဲ့ရာ “လွှတ်တော်အတွင်းမှာတော့
ပညာရေးနှင့်ပတ်သတ်၍ အဆိုပြုတင်သွင်းမှုတွေရှိပါတယ်” ဟု ဒေါက်တာသိန်းလွင်မှ
ဖြေကြားခဲ့သည်။
“ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သတ်၍ ဘယ်လိုအခက်ခဲတွေရှိသလဲ၊
၂၀၁၅မတိုင်ခင် ပြင်ဆင်နိုင်ပ မလားဟုမေးမြန်းခဲ့ရာ” အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်းမှာ ပြောခဲ့သည့်အတိုင်း (၁)တရားဥပဒေစိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့
အချက်တွေ အတိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အခက်အခဲတွေအများကြီးနဲ့ကြုံတွေ့ရပါတယ်။ မေးခွန်းပေါင်းများ
စွာလည်း အမေးခံရပါတယ်။ ၂၀၁၅ခုနှစ်မတိုင်ခင်ပြင်ဆင်နိုင်အောင် ကြိုးစားနေပါတယ်” ဟုဦးဟံသာမြင့်မှဖြေကြားခဲ့ပါသည်။
“ဗဟိုအမျိုးသမီးအဖွဲ့မှ ပါင်္တီအတွင်းမှဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပါသလဲ”
ဟုမေးမြန်းခဲ့ရာ
အမျိုးသမီးအဖွဲ့မှ ဒေါ်အေးအေးမာမှ “ကျမတို့အမျိုးသမီးအဖွဲ့ အနေနဲ့ကတော့
ပါတီကိုအမြဲတမ်း အထောက်အပံပေးနေမှာပါ၊ ကျမတို့အနေနဲ့ဒုက္ခရောက်နေတဲ့
မည်သည့်တိုင်းရင်းသားကိုမဆို အကူအညီပေးမှာ သွားမှာပါ” ဟုဖြေကြားခဲ့သည်။
အခုဆိုရင်သူတို့အနေနဲ့ မြန်မာနိုင်ငံမှာလွတ်လပ်မှုတွေကို
တွေ့နေရပါတယ်။ လူငယ်အများစု ပါဝင် လှုပ်ရှားနေကြတာကိုတွေ့ရပါတယ်။
“အဖွဲ့ချုပ်လူငယ်တွေအနေနဲ့ အခုလိုနိုင်ငံရေး လှုပ်ရှားမှု အတွင်းမှာ
ပါဝင်ဖို့ကြောက်စိတ်တွေရှိနေသေးလား”ဟုမေးမြန်းခဲ့ရာ လူငယ်တွေအနေနဲ့ကတော့ ကြောက် စိတ်ဆိုတာ
အရင်ကတည်းကမရှိခဲ့ပါဘူး။ အရင်ဖိနှိပ်ချုပ်ချယ်ခဲ့သော အချိန်ကတည်းက
မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။
အခုလည်းအဖွဲ့ချုပ်ရဲ့မူဝါဒတွေနဲ့ အညီ ဆောင်ရွက်နေကြပါတယ်ဟုဖြေကြားခဲ့သည်။