Wednesday, April 3, 2013

ဒိန်းမတ်တက္ကသိုလ်ကျောင်းသား ကျောင်းသူ (၁၇)ဦး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ လာရောက်လေ့လာ

 
 ယနေ့ ဧပြီလ ၃ ရက် မွန်းတည့် ၁၂းဝဝနာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် သုမင်္ဂလာလမ်း အမှတ် ၁ဝ၃၉/၁၀၄၀ ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ဒိန်းမတ်နိုင်ငံမှမြန်မာနိုင်ငံသို့ လေ့လာရေးခရီး Field Trip အဖြစ်ရောက်ရှိနေကြသော ဒိန်းမတ်တက္ကသိုလ်ကျောင်းသား ကျောင်းသူ (၁၇)ဦးသည် အုပ်ချုပ်သူ ဆရာမ (၁) ဦး လိုက်ပါလျက် လာရောက်လေ့လာခဲ့ကြသည်။ အဆိုပါ ဒိန်းမတ် တက္ကသိုလ်ကျောင်းသားများ အဖွဲ့အား ကိုကိုကြီးနှင့် ပြုံးချိုတို့ ဦးဆောင်သည့် ၈၈မျိုးဆက်များက လက်ခံတွေ့ဆုံခဲ့ကြပြီး ၄င်းတို့သိရှိလိုသောမေးမြန်းချက်များအား ရှင်းလင်းဖြေကြားခဲ့ကြသည်။ ဒိန်းမတ်တက္ကသိုလ်ကျောင်းသားများလေ့လာရေးအဖွဲ့သည် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံး သို့ လာရောက်လေ့လာသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက် လာရောက်လေ့လာခြင်းဖြစ်သည်။ ဆက်လက်ပြီး ဒိန်းမတ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ Follow Up Questions များအား ကိုအာကာဗိုလ်မှ (၁)နာရီကျော် ကြာ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။