skip to main |
skip to sidebar
၂၀၁၃-၃-၄ ဆန်းသစ်@ ခွေးလေးခုန်လို့
ဖုန်မထနိုင်ဘူး မိုးသီးဇွန် အမှန်တရားပေါ်အောင်မကြိုးဘဲ စွတ်ဖွနေရင်
သွေးချောင်း စီးမှူတွေဘဲ အဖတ်တင်မှာ ခင်ဗျားလဲ ၈၈ ကျုပ်လည်း ၈၈
မြွေမြွေချင်းခြေမြင်တယ်နော်
ရေနံဆီလောင်းပြီး မီးရှို့တယ်လို့ အထင်ရှိနေသူများနဲ့ ကြမ်းပြင်တွင်
ရေနံဆီတွေ ဖြန်းထားလို့ ထွက်ပြေးတာတောင်ချောလဲ ရပါတယ်လို့ ဖွကြသူများ အတွက်
ဤပုံသည်ပြန်လည်ရှင်းပြစရာ သက်သေကောင်း တစ်ခုဖြစ်သည်။
ပုံတွင် လေးထောင့်အကွက် ဖြင့် ပြထားသောကြမ်းပြင်နေရာမှ နံရံကပ်ကြွေပြား များသည် အကောင်းပကတိဖြူနေသောကြောင့် မီးဖုတ်ခံရခြင်း မရှိသည့်အတွက် ကြမ်းပြင်မှ မီးအပူချိန်ကူး ဆက်ခြင်း မဟုတ်ကြောင်းထင်ရှားပါသည်။
ပုံတွင်ပါ အ၀ိုင်းပြထားသော မီတာပုံးဝန်းကျင် လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရာ နံရံတစ်လျှောက်မှာတော့ နံရံကပ်ကြွေပြားများသည် အပူချိန်မြင့်မားစွာမီးဖုတ်ခံရသည့်အတွက် မီးကျွမ်းမဲတူးပြီး
ကွဲကြေနေသည်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။ထို့ကြောင့် မီးသည် မိုးသီးဇွန်တို့ ဖွနေသလို ကြမ်းပြင်မှ ရေနံဆီလောင်းမီးရှို့ခံရခြင်းမဟုတ်ပဲ ၀ါယာအပူလွန်ကဲရာမှမီးထလောင်ခြင်းမှာ ထင်ရှားပါသည်ခင်ဗျာ။