Tuesday, April 23, 2013

နိုင်ငံဝန်ထမ်း ယာဉ်ထိန်းရဲတွေ စည်းကမ်းရှိတဲ့ဒီမိုကရေစီဖြစ်ဖို့  တာဝန်နဲ့  ၀တ္တရားကို ကျေပြွန်ဖို့  လိုအပ်

၂၀၁၃-၄-၂၃
ရှစ်မိုင်လမ်းဆုံမှာ အဓိပတိ လိုင်းကားတွေ နေရာလုပြီး စည်းမဲ့ကမ်းမဲ့ တန်းစီနေပုံပါ။ 
 ယာဉ်ထိန်းရဲတွေ ကလည်း အဓိပတိယာဉ်လိုင်းဆိုရင် အရေးယူရမှာ ကြောက်နေကြသလိုပဲ။ စည်းကမ်းပြည့်ဝပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးသို့ ဆိုတဲ့စကားကို အလွတ်ကျက်ထားသလို အာဝဇ္ဇာန်းရွှင်ရွှင်နဲ့ လုပ်စားပြီး ရွှေသမင်တွေကို မင်းကြီးတာကပဲ လှိမ့်ထွက်ခိုင်းနေမယ်ဆိုရင်တော့ မလွယ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းမှာ ညံပျင်းမှုတွေကြောင့်
ဥပဒေကို မလေးစားခြင်းဖြစ်လာရတယ်။ယဉ်ထိန်းရဲတွေအနေနဲ့  ချမှတ်ထားသော စည်းမျဉ်း
စည်းကမ်းတွေကို အလေးထားသင့်တယ် ဥပဒေကိုလေးစားဖို့  နိုင်ငံဝန်ထမ်းတွေမှာ အဓိက
 တာဝန်ရှိပါတယ်။