Tuesday, March 26, 2013

UK အထက်လွှတ်တော်အမတ် Lord Alton နှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများ မိတ်ဆက်ညစာစားပွဲ

၂၀၁၃-၃-၂၆
ညစာစားပွဲကို UK အထက်လွှတ်တော်အမတ် Lord Alton၊ NLD သုတေသန အဖွဲ့နှင့် Togetherness Education Network တို့မှ ကြီးမှူး ၍ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ Common House\ of Memories တွင် မတ်လ ၂၆ ရက်နေ့ညနေ ၆ နာရီ၌ စတင်ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ UK အထက်လွှတ်တော် အမတ် Lord Alton၊ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး(ဗမြာ့ပည်)၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ AAPP၊ လောကအလင်း၊ CPP(ချင်း)၊ YSPS၊ အခြားအဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်လာခဲ့ကြပါသည်။