Tuesday, March 26, 2013

ဂျပန် ကားဈေးနှုန်းများ ဆက်လက်ကျဆင်းလာနိုင်ဘွယ်ရှိ



 ၂၀၁၃-၃-၂၆
ကားဈေးကွက်တွင် လူကြိုက်များလျက်ရှိသော ဂျပန် ကားဈေးနှုန်းသည် လက်ရှိ ပေါက်ဈေး ထက် ကျဆင်းလာနိုင်ကြောင်း ၀ါရင့်ကားပွဲစားများ ထံမှသိရှိရသည်။

   ၂၀၀၇ မိုဒယ် မြင့်ကားတွေ တင်သွင်းခွင့်ပြုလိုက်တဲ့အတွက် ကားဈေး ပြိုကျသွားပြီး။ကားဈေး
တွေဒေါက်လျှောက်ကျဆင်းနေပါတယ် ဂျပန်မှကားများ အ၀ယ်မလိုက်ဖြစ်နေရာမှ ကားဈေးကျ
ဆင်းနေခြင်းဖြစ်ပါတယ်။

 ကားလေလံဆွဲသူတွေနဲ့  ပွဲစားသမားတွေအတွက် လုပ်စားလို့ မရဖြစ်နေပါတယ်။ အခု
ဆိုးဆိုးရွားရွားပဲ” ဟု ကားပွဲစားကျွမ်းကျင်သူများထံမှ သိရှိရသည်။

“ ၂၀၀၇ မိုဒယ်လ်မြင့်ကားတွေ တင်သွင်းခွင့်ပြုလိုက်တဲ့အချိန်ကစပြီး ကားဈေးကွက်ကကျဆင်း
သွားတာ ယနေ့ အချိန်အထိပါဘဲ။လျှော့ ရောင်းတယ်ဆိုတာကလဲ ကားအနေအထားပေါ် မူတည်ပြီး   လျှော့ရောင်းရတယ်။ ကားဟောင်းများ အရောင်းအ၀ယ်ကျနေပြီး တင်သွင်းလာသော ကားသစ်များ
သာ အ၀ယ်လိုက်သည်။ ကားဈေးကွက် လာမည့်နှစ်တွင် ပို၍ ကျဆင်းလာနိုင်ဖွယ်ရှိသည်။

FTA ဂျပန် တရုတ် ကိုရီးယား ၃နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြ
သည်။ လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်သည် အခွန်ကင်းလွတ်ခွင့် ဖြစ်သည်အတွက် ကားဈေး
နှုန်းများကျဆင်း လာနိုင်သည်။